Chapter - 5

5.5K 948 52
                                    

Unicode

Rongအိမ်တော်တွင် ရှောင်ခယ် မူးလဲပြီးနောက်၊ Rong မိသားစုကလည်း မုရှောင်ခယ်ကိုလာကြည့်ခဲ့သည်။ သူတို့အတွက်ကတော့ မုရှောင်ခယ် ဟာ ပိန်ပိန်ပါးပါးကလေးလေးတစ်ယောက်ပါပဲ။ ရှက်တတ်ပြီး အရည်အချင်းမရှိကာ စကားတောင် မပြောတတ်တဲ့ကလေးတစ်ယောက်လို့သတ်မှတ်ထားသည်။

Fenglin Yuan တွင် စကားမပြောတက်တဲ့
ကလေးများအတွက် အဖွဲ့များစွာရှိသည်။
မုရှောင်ခယ်က မိဘ​တွေကသူ့အကြောင်းပြောနေတာကို တွေ့လိုက်ရတယ်။ သူတို့ပြောနေတဲ့အကြောင်းအရာရဲ့အဓိက ပုဂ္ဂိုလ်ဖြစ်တဲ့သူက သူတို့အနားမှာရှိနေတယ်ဆိုတာ တစ်စုံတစ်ယောက်ကသတိပေးခဲ့ရင်တောင် သူတို့က မကြောက်ပဲ ထိုအကြောင်းကိုဆက်ပြောနေလိမ့်မည်။ သူ့အကိုဖြစ်သူက သူ့အကြောင်းပြောတဲ့အခါ သူရဲ့ ညီကိုအရင်းလိုချစ်ခြင်းမေတ္တာကို ကောင်းကောင်းပြသနိုင်ပြီး သူ့ဘက်ကမှန်နေလိမ့်မယ်။

သို့သော် ယခုမုရှောင်ခယ် သည် ယခင်နှင့်မတူတော့ပါ။ မုခိုင် က သူ့ကို ကောင်းကောင်း ဆက်ဆံရင် သူလည်းမုခိုင်အပေါ် နာခံမှုရှိမယ်။ သူသည် မလိုအပ်သော chat group အားလုံးကို ပိတ်ထားပြီး မုခိုင်ကိုလည်း အိမ်တွင် ရှောင်နေသေးသည်။ မုခိုင် နဲ့ ထမင်းအတူတူဖို့ အောက်ထပ်ကိုတောင် မသွားချင်ဘူး။ ခံနိုင်ရည်ရှိဖို့လိုတယ်လို့ သူ့မျက်နှာမှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ တစ်ဖက်တွင်မူ မုခိုင် သည် ဖူကျားယွီ နှင့် Rong Yanzhe တို့ရှေ့တွင် ပျော့ညံ့ဟန်ဆောင်ဖို့အကြောင်းပြချက်များရှိပြီး ညီဖြစ်သူကသူ့အပေါ် မသိတက်ခြင်းနဲ့ကျေးဇူးကန်းခြင်းအတွက် ဆဲဆိုခဲ့တာတွေလည်းရှိခဲ့သည်။

အကယ်၍ သူသည် ယခင်ဘဝက မုရှောင်ခယ်ဖြစ်ခဲ့ပါက၊ သူသည် မုခိုင် ဆီသို့ ပြေးသွားပြီး မုခိုင် နှင့် စကားများမိသွားမည်ဖြစ်သည်။ သူတို့၏ ငြင်းခုံမှုသည် ရှုတ်ထွေးနေပြီး ဆူညံနေသောကြောင့် သူသည် ဖူကျားယွီနှင့် Rong Yanzhe တို့၏ ရှေ့တွင် ရွံရှာဖွယ် လူပြက်တစ်ဦးနှင့် ပိုတူခဲ့သည်။

ဒါပေမယ့် ပြန်လည်မွေးဖွားလာပြီးနောက်မှာတော့
မုရှောင်ခယ်က သူ့အကိုကြီးကို သဘောကျနေတဲ့ လူနှစ်ယောက်ကို ရှင်းပြဖို့ မလိုအပ်သလို ဂရုစိုက်ဖို့မလိုဘူး ဆိုတာ သိလိုက်ရသည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now