Chapter-39

2.9K 552 36
                                    

အစ်ကို ချူဟန် ?

မုရှောင်ခယ် သည် သူ့စိတ်ထဲတွင် ရင်းနှီးနေသော နာမည် တစ်ခုရုတ်တရတ်ပေါ်လာပြီး အဲ့ဒါကသူ့မျက်နှာကိုချက်ခြင်းပင် နီရဲသွားစေသည်။ ဒီလို နာမည်ကို ဘယ်လိုခေါ်နိုင်မှာလဲ။

မဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူး...

ဒါပေမယ့် ဘာအတားအဆီးမှမရှိဘဲ လင်းကျင့်ကခေါ်နိုင်ရတာလဲ။

ကင်မရာတစ်ဖက်တွင် ချူဟန် သည် မုရှောင်ခယ် ၏မျက်နှာ အနည်းငယ်နီရဲလာသည်ကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါသူကကလေးကို အနိုင်ကျင့်နေတာလားလို့မတွေးပဲမနေနိုင်တော့ပေ။

"ဒါက နာမည်တစ်ခုပဲပါ အရမ်းခက်နေလို့လားဟင်"

မုရှောင်ခယ် သည် သတိပြန်ဝင်လာပြီး သူ့ကို ကြောင်တောင်တောင် ကြည့်နေသည် ။

ချူဟန် က သူ့နဖူးကိုသူထောက်ပြီး

"မေ့လိုက်တော့၊ မင်း ကြိုက်သလိုခေါ်လိုက်ပါ..."

"အစ်ကို ချူဟန်"

ချူဟန်က သူ့ကို စိုက်ကြည့်ရင်း သူ့နှလုံးခုန်သံ နည်းနည်း မြန်သွားတယ်၊ ဘာလို့လဲ??

ဆောင်းရာသီအားလပ်ရက်သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သတ္တမနှစ်၏ ခုနစ်ရက်မြောက်နေ့တွင် အထက်တန်းကျောင်းသား ကျောင်းသူများ ကျောင်းပြန် တက်ကြရသည်။ တစ်ပတ်အကြာတွင် မုရှောင်ခယ် သည်လည်း သတင်းပို့ရန် ပြန်သွားခဲ့သည်။

ဆုပေးပွဲအခမ်းအနားတွင် မုရှောင်ခယ် သည် အထက်တန်းကျောင်း၏တစ်ဦးတည်းသော၊ ပထမဆုံးသော အထက်တန်းကျောင်းသမိုင်းတစ်လျှောက်တွင် အမြင့်ဆုံး ပညာသင်ဆုကို ရရှိခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ဤဆုပေးပွဲအခမ်းအနားတွင်  ကျောင်းအုပ်ဆရာကြီး၊ မုရှောင်ခယ် နှင့် ကျောင်းရှိ ဆရာများနှင့် ကျောင်းသားများကို တစ်ဖန် ပြန်လည်တွေ့ဆုံခွင့်ရစေခဲ့သည်။

မုရှောင်ခယ် နှင့်မတူဘဲ မုခိုင် ၏အခြေအနေသည် ပြဿနာတက်နေခဲ့သည်။ Cao Chengli သည်
မုအိမ်သို့ အသားကင်စားရန်သွားခဲ့တဲ့အချိန်ကစပြီး ထိန်းသိမ်းရေးစခန်းသို့ရောက်သွားခဲ့သည်။ ဒါကို ကြားတဲ့သူတိုင်း မုခိုင် ကို ရှောင်ကြလိမ့်မယ်။ မုခိုင် မည်မျှပင်ချောမောပါစေ၊ သူ့မိသားစုသည် မည်မျှ ချမ်းသာပါစေ၊ ထိုကဲ့သို့သော မိုက်မဲသော ဒုတိယမြောက် Cao Chengli ဖြစ်နေမည်ဟုထင်ကြသည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now