Chapter-52

2.1K 379 12
                                    

Unicode

မုရှောင်ခယ် သည် ရုတ်တရက် နားမလည်နိုင်တဲ့ စကားလုံးတွေကို ပေးပို့ခဲ့ပေမဲ့ ချူဟန်ကအဲ့ဒါကိုလက်မခံနိုင်ပေ။ သူသည် မုရှောင်ခယ် ကို မရေမတွက်နိုင်တဲ့ ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။မုရှောင်ခယ်သည် Rong Yanzhe က မုရှောင်ခယ် နှင့်သူ့ကိုအဆက်အသွယ်ဖြတ်မှာ ကိုအရမ်းကြောက်နေတာလား။

ချူဟန် သည် မုရှောင်ခယ်ရဲ့ကျောင်းကိုပြန်ရှာရန်သွား ခဲ့သော်လည်း၊ သူ့အောက်ထပ်အိပ်ဆောင်တွင်တစ်ရက်ကြာသည့်ထိအောင် ချူဟန် သည်
မုရှောင်ခယ်ကိုမတွေ့ခဲ့ရပေ။

"မင်းဘယ်မှာလဲ ရှင်းအောင်ပြောစမ်း!"

ချူဟန်၏ လေသံက ပြင်းထန်နေသည်။ ဒီလိုအခြေအနေမျိုးကို သူ မကြိုက်ဘူး။မုရှောင်ခယ် စကားတစ်ခွန်းမှ မပြောဘဲ ပျောက်ကွယ်သွားတာမျိုးမလုပ်ရဘူး။

မုရှောင်ခယ်သည် ကျောင်းအနီးရှိ ဟိုတယ်တစ်ခုတွင် ပုန်းနေပြီး ချူဟန်ရဲ့သတင်းကို တွေ့လိုက်ရသည်။ သူ့ မျက်ရည်တွေကို မထိန်းနိုင်တော့ပေ။
(သတင်းဆိုတာ တီဗီမှာပေါ်လာတာမျိုးမဟုတ်ပါဘူး..ချူဟန်ရဲ့ ဖြစ်ပျက်နေပုံပါ....ဖုန်းတွေခေါ်နေတော့လေ)

သူ့နှလုံးသားကို တခြားသူကဖျက်စီးသွားသလိုပဲ။ ချူဟန်ကိုမနာကျင်စေချင်ဘူး။ ဒုက္ခမရောက်စေချင်ဘူး တကယ်မနာကျင်စေချင်ဘူး။ ဒါပေမဲ့ တစ်ကိုယ်ကောင်းဆန်တဲ့သူနဲ့ ချူဟန် အတူ ဆက်ရှိနေပါရင် ချူဟန့်ကိုပဲပျက်စီးစေလိမ့်မယ်။

အရင်ဘဝမှာတုန်းက မုရှောင်ခယ်သည် သူ့အားထိုအမည်မသိတဲ့ သေးငယ်သော အဆောက်အဦသို့ ပိတ်ထားချိန်ကို မှတ်မိ နေသေးသည်။
Rong Yanzhe သည် သူရဲ့လွတ်လပ်ခွင့်ကိုထပ်မံကန့်သတ်လိုက်ချိန်ဖြစ်သည်။ သူ၏လွတ်လပ်မှု
အခွင့်အရေးကဆင်ခြေဖုံးရပ်ကွက်ရှိ တိုက်ခန်းကျယ်ကြီး မှ အခန်းတစ်ခန်းသို့ ကျဉ်းမြောင်းသွားသည်။ Rong Yanzhe က အဲ့ဒီနေရာက သူလွတ်မြောက်မှုအတွက်ကြိုးစားခဲ့လို့ အပြစ်ဒဏ်တစ်ခုပဲလို့ပြောခဲ့တယ်။

လသာဆောင်နောက်က သစ်ပင်တွေကို မုရှောင်ခယ်က မြင်တဲ့အခါ Rong Yanzhe က သူ့ကို Rong အိမ်တော်ရဲ့ အခန်းမှာထားခဲ့တာလို့ပဲ သူထင်ခဲ့တယ်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now