Chapter - 9

4.9K 877 22
                                    

Unicode

"ရှောင်ခယ် အိမ်မှာဘာဖြစ်တာလဲ"

အတန်းပြီး၍ ခေါင်းလောင်းသံမြည်လာသည်နှင့်တပြိုင်နက် မုခိုင် သည် ဖူကျားယွီ ၏မေးခွန်းထုတ်သောစကားကိုကြားလိုက်ရသည်။မုခိုင် က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး

"မင်းဘာတွေပြောနေတာလဲ"

မုခိုင် ၏ လှပသော မျက်နှာသည် ရှုပ်ထွေးမှုများ​နှင့်ပြည့်​နေ​ပြီးအပြစ်ကင်းစင်ကြောင်း ဖော်ပြနေသည်။

ဖူကျားယွီ က အားကိုးရာမဲ့ သက်ပြင်းချရင်း

"ရှောင်ခယ်က ငါ့ကို ဘလော့လ် ထားတယ်၊ ငါ သူ့ကို ရှာခဲ့တာတောင် သူ... သူ ငါ့ဆီကနေ ပုန်းနေခဲ့တယ်၊ သူက အရင်ကနဲ့ တော်တော်ကွာခြားသွားပြီ။"

မုခိုင် က အနည်းငယ် မျက်မှောင်ကြုတ်ကာ

"မင်းကို သူ ဘယ်လိုလုပ် Block နိုင်မှာလဲ?။ သူက မင်းကို အရမ်းချစ်တာ သိသာတယ်"

ထိုအချိန်တွင် မုခိုင် သည်စကားပြောနေခြင်းကို ရပ်လိုက်ပြီး ညင်သာစွာဖြင့်

"ဒါပေမယ့် အဖေကပြောတယ် သူစိတ်ရောဂါကုဆရာဝန်နဲ့တွေ့နေတယ်တဲ့ အဲ့ဒါကို မင်းလည်းသိပါတယ်..."

မုခိုင်က သူ့လက်ညှိုးကို မြှောက်လိုက်ပြီး သူ့ခေါင်းကိုသူထိုးပြကာ ဖူကျားယွီကို ရှောင်ခယ်က စိတ်မနှံ့သူဖြစ်နေတာကို မမေ့သင့်ဘူးလို့ အကြံပြုလိုက်တယ်။

"သူ စကားမပြောနိုင်ဖြစ်ပြီး သူ့ရောဂါဟောင်းကလည်း ပြန်ဖြစ်နေပြီလို့ ပြောတယ်"

မုခိုင် ပြောသောအခါတွင် သူ့အသံက နိမ့်ကျသည်မဟုတ်ဘဲ သူ့အနီးနားရှိ အခြားကျောင်းသားတွေလည်း ကြားလိုက်ရသည်။ တချို့က မုရှောင်ခယ်ကို သိတယ်။ အထက်တန်းကျောင်းမှ ယောက်ျားလေးများသည်အထိန်းအကွပ်မရှိပေ။တစ်စုံတစ်ယောက်သည် ချက်ချင်းပင် ဇဝေဇဝါဖြစ်သွားသည်။

"ဘယ်လိုမှမဖြစ်ပါဘူး မုခိုင် မင်းညီလေးမှာ စိတ်ရောဂါရှိနေလို့လား"

"ဟင့်အင်း၊ အဲ့လိုရိုင်းစိုင်းတဲ့စကားလုံးမသုံးပါနဲ့"

"မင်းကိုယ်တိုင်ပြောတာလေ သူက စိတ်ရောဂါကု ဆရာဝန်နဲ့ ပြနေတယ်လို သေစမ်း မင်းညီလေးက တကယ်ကို အမိုက်စားပဲ။ ကျွတ် ကျွတ် မင်းက အကိုကြီးတစ်ယောက်အနေနဲ့ တကယ်ကို လုံလောက်ပါတယ်"

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now