Chapter-13

4.5K 764 24
                                    

Unicode

ပိတ်ရက်ရဲ့မနက်ခင်းမှာမုရှောင်ခယ်က အစောကြီးနိုးထလို့နေသည်။အရင်က သူယူထားတဲ့ order က အခုထိ မပြီးသေးဘူး။ သူသည်မနက်စာအတွက် နွားနို့တစ်ခွက်လောက် သောက်လိုက်တယ်။

ဧည့်ခန်းဟာသူ့အလုပ်ရုံဖြစ်ပြီး ကိရိယာသေတ္တာအမျိုးမျိုးကို သပ်သပ်ရပ်ရပ် စီစဥ်ထားသည့်အပြင် သူ့အမေ၏ မှတ်စုများနှင့် ကျန်ရစ်ခဲ့သော ပစ္စည်းများပါရှိသည်။

လော်ကျားမင်ရဲ့သူငယ်ချင်းက ဆံညှပ်တစ်ချောင်းလုပ်ခိုင်းသည်။ သူမသည် လာမည့်အပတ်တွင် သူမ၏ hanfu[1] ဝတ်ပြီး Comic-Con ကိုသွားရမှာကြောင့် သူမခေါင်းမှာ အလှတပ်ဆက်ဖို့ အသုံးအဆောင်ပစ္စည်းပြတ်နေတယ်လို့ပြောခဲ့သည်။

( 1 = တရုတ်ရိုးရာဝတ်စုံ / Comic-Con တော့သိတယ်ဟုတ် cosplay ပွဲလေ)

မုရှောင်ခယ် သည် ဆံထိုးများပြုလုပ်ရာတွင် အလွန်ကျွမ်းကျင်ခြင်းမရှိသည့်အပြင် သူတို့ထဲမှ အချို့ကိုမူ ကျေနပ်မှုမရှိပါ။ ကောင်မလေးပေးပို့သော ဟန်ဖူ၏ဓာတ်ပုံများကို ကြည့်ရင်း အဓိကအရောင်များဖြစ်သည့် အနီရောင်နှင့် အနက်ရောင် မင်မင်းဆက်ပုံစံ ၀တျစုံသည် အလွန်ကို ခံ့ညားပြီး ဂုဏ်သိက္ခာရှိပြီး သူလက်ထဲတွင်ဝယ်ထားသည့် ပစ္စည်းအသစ် နီးပါးသည် အဝတ်အရောင်ကို ထိန်းထားနိုင်ခြင်းမရှိပေ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ့အမေထားခဲ့တဲ့ ပစ္စည်းသေတ္တာကို ဖွင့်ကြည့်လိုက်တယ်။ ဒီသေတ္တာဟာ ငယ်ငယ်က ရတနာသေတ္တာလိုပါပဲ။ အခုကြည့်လိုက်ရင် အဲဒါထက် ပိုတယ်။သူ့ကို သေးငယ်သော အနုပညာပြကွက်တစ်ခုအဖြစ် မှတ်ယူနိုင်ပါသည်။

မင်မင်းဆက်ခေတ်က ဆံညှပ်များကို ဂရုတစိုက် တန်းစီပြီး စားပွဲမီးခွက်အောက်မှာ ထားလိုက်တယ်။ မျက်လုံးအကြည့်စား ဆုံးတစ်ခုမှာ ရှေးဟောင်းရွှေဖီးနစ်ဆံထိုးတစ်စုံဖြစ်သည်။ ဤရွှေဖီးနစ်ဆံညှပ်တစ်စုံရှိ Golden Phoenix သည် အသက်ဝင်ပြီး တဖျက်ဖျက်နဲ့တောက်ပနေသည်။အမြီးအမွေးများသည်တူသော်လည်းပုံသဏ္ဍာန် အတိအကျ တူညီခြင်းမရှိပါ။ ဆံညှပ်ကိုယ်ထည်မှာလည်း ကွေ့ကောက်နေသော မြွေပုံသဏ္ဍာန်ဖြစ်သည်။ စနစ်မကျဘူးလို့ထင်ရသော်လည်း တကယ့်လိုင်းများသည် ချောမွေ့စွာဖွဲ့စည်းထားသည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now