Chapter -11

4.6K 850 16
                                    

Unicode

လီရှန်ဟိုင်း သည် သူ၏ chat  history လွှဲပြောင်းပေးခဲ့ပြီးကတည်းက မုရှောင်ခယ် သည် တချို့သောနားမလည်နိုင်တဲ့သူများ၏ နှောင့်ယှက်ခြင်းကို ခံနေခဲ့ရပြီး သူတို့သည် chat ဆော့ဖ်ဝဲများကို ဖြုတ်ပစ်ရန် တွန်းအားပေးခဲ့သည်။သူတို့၏အကောင့်များကိုလည်း လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိပေ။မုရှောင်ခယ် သည် ဒီအရာများ သူ၏ ငယ်သူငယ်ချင်းများဟု ခေါ်သောလူများကြောင့် ပေါက်ကြားခြင်းဖြစ်မည်ကို သိသည်။ သူ့အကိုကြီးကိုယ်တိုင်က ဖြန့်တာတောင် ဖြစ်နိုင်တယ်။

(အပေါ်ကစာပိုဒ်နားလည်တယ်ဟုတ်......ရှောင်ခယ်ကိုရူးနေတယ်လို့ပြောတဲ့ chat history တွေကိုရှောင်ခယ်ဆီရှန်ဟိုင်းက လွှဲပေးခဲ့တယ်။ အဲ့ဒါကိုသူ့ရဲ့ငယ်သူငယ်ချင်းလို့ခေါ်တဲ့လူတွေကဖြန့်လိုက်ပြီး တချို့ chat ထဲမှာပြောထားတဲ့လူတွေက ရှောင်ခယ်ထဲမှာရှိတဲ့ chat history ဖျက်ဖို့တွန်းအားပေးကြတာပါ ><)

"မုရှောင်ခယ်!"

စားသောက်ဖို့အတွက် Canteen မှာ တန်းစီနေရတာ လှိုင်းတွေလိုပဲအချိန်လည်းအရမ်းကြာတယ်ဆိုတာမုရှောင်ခယ် မသိဘူး။ သူက နောက်ပြန်ကြည့်လိုက်တော့ Cao Chengli ရောက်လာတာကို တွေ့လိုက်ရပြီး သူ့အကိုကြီးက မရပ်မနားဟန်ဆောင်ပြီး ဘေးနားမှာ ရှိနေတယ်။

လူများစွာရှေ့မှာသူ့ရဲ့ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ရုံသာမက သူ့သူငယ်ချင်းများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရုံသာမက ညီအကိုအရင်းလို လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်ပုံစံကိုလည်း ထိန်းသိမ်းထားနိုင်သော သူ၏အစ်ကိုဖြစ်ထိုက်သူဖြစ်သည်။

မုရှောင်ခယ် သည် သူတို့အား ဂရုမစိုက်ဘဲ  ငြိမ်စိုက်ကြည့်နေပြီးနေလိုက်သည်။

"Ah Cheng၊ စိတ်တိုမနေပါနဲ့ ရှောင်ခယ် က ဘာမှမသိတော့ နားလည်မှုလွဲတာတော့ ရှိမှာပေါ့"

ထိုစကားကိုကိုကြားပြီးနောက် မုရှောင်ခယ် သည် မုခိုင် ၏ပြဇာတ်သည် ပြီးလုနီးပါးဖြစ်မည်ဟု ခန့်မှန်းခဲ့သည်၊ ထို့ကြောင့် သူသည် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ အသံသွင်းလိုက်သည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now