Chapter-47

2.4K 404 10
                                    

Unicode

"မင်းဘာတွေပြောနေတာလဲမင်းသိလား"

မုရှောင်ခယ်က စာရိုက်ပြီး မေးသည်။ သူလည်း အခုအရမ်းစိတ်ရှုပ်ထွေးနေတယ်။ Rong Yanzheရဲ့ဒီလိုပုံစံ ကို သူ တစ်ခါမှ မမြင်ဖူးဘူး။ သူဘယ်လိုနားလည်ရမှန်းမသိတော့ဘူး။Rong Yanzhe က သူ့ငြင်းဆိုမှုကြောင့် သူ့ကို အနိုင်ယူလိုတဲ့စိတ်ရှိခဲ့မယ်။အနိုင်ရလိုစိတ်က Rong Yanzhe ရဲ့အဓိကအကြောင်းပြချက်ကို ဆုံးရှုံးစေခဲ့တယ်။

"မင်းအဖေက မင်းကို ဂရုမစိုက်ချင်ဘူးဆိုတော့ ငါ မင်းကို စောင့်ရှောက်ပါရစေ..."

မုရှောင်ခယ် က လက်ကိုအလျင်အမြန် မြှောက်လိုက်ပြီး

"ငါ့အဖေက ငါ့ကို ဂရုစိုက်ချင်တာမဟုတ်ဘူး ငါက ပိုက်ဆံမရှိပေမယ့် အိမ်တော့မပြန်ချင်ဘူး၊မင်း အထင်လွဲနေပြီ

Rong Yanzhe က

"ဒါဆို မင်းဘာလို့ အချိန်ပိုင်းအလုပ်လုပ်နေမှာလဲ မင်း ပိုက်ဆံမရှိတာလေးအတွက်နဲ့ ဘာလို့ဒီလောက်ကြိုးစားနေတာလဲ"

မုရှောင်ခယ် သည် ကူရာကယ်ရာမဲ့သွားပြီး

"ငါက ငွေရှာဖို့မဟုတ်ဘဲ တခြားသူတွေကို ကူညီဖို့ လုပ်တာပါ"

Rong Yanzhe သည် မုရှောင်ခယ် ၏မျက်လုံးများကို စိုက်ကြည့်နေပြီး မုရှောင်ခယ် ၏မျက်လုံးများတွင်သဲလွန်စအချို့ကို မြင်နိုင်သော်လည်း မုရှောင်ခယ် ပြောနေသည့်အရာမှာ အမှန်တွေဖြစ်နေတာကြောင့်Rong Yanzhe သည် ဘာသဲလွန်စကိုမှ မမြင်နိုင်တော့ပေ။

"Rong Yanzhe ငါ့ကို အရမ်းဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါ့ကို ဂရုစိုက်ဖို့ ဘယ်သူမှ မလိုအပ်ဘူး...မင်း ငါ့ကိုအထက်တန်းကျောင်းကိုအေးအေးဆေးဆေးပြီးအောင် တက်ခွင့်ပေးစမ်းပါ"

မုရှောင်ခယ် က အားနည်းတယ်။ သူပြင်းပြင်းထန်ထန် ခုခံရင် Rong Yanzhe ကပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မယ်။ ဒါက
Rong Yanzhe ကိုကိုင်တွယ်ဖို့ မုရှောင်ခယ် ရဲ့ နောက်ဆုံးလှည့်ကွက်ပါပဲ။

ထိုအချိန်တွင် မုရှောင်ခယ် သည် အမှန်တကယ်ကိုချစ်ခြင်းမေတ္တာကို နှိုးဆွပေးခဲ့သည်။ သူက သူရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်မထားတာကြောင့် အဲ့ဒီအရာက Rong Yanzhe ကို အပြစ်ရှိသလို ခံစားခဲ့ရစေသည်။ မုရှောင်ခယ်ပြောတဲ့ ခဏတာက တစ်ရက်လုံး အလုပ်လုပ်နေသည်မှာ သိသာထင်ရှားသည် ၊ ယခု သူသည် မုရှောင်ခယ်ကိုအဲ့ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးသူ့ကိုရှင်းပြခိုင်းနေတာကြောင့် မုရှောင်ခယ်ကိုအများကြီးအနှောက်အယှက်ပေးမိနေသည်။အစက မူရှောင်ခယ်ကို စောင့်ရှောက်ရန်ရည်ရွယ်ခဲ့သည်။အခုတော့ သူနှောက်ယှက်နေတာကြောင့်မုရှောင်ခယ်ကို ပိုပြီးပင်ပန်းနွမ်းနယ်စေသည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now