Chapter - 12

4.7K 841 19
                                    

Unicode

မုရှောင်ခယ်သည် နေ့လယ်စာဘူးဝယ်ပြီး စာသင်ခန်းသို့ ပြန်သွားခဲ့သည်။ လော်ကျားမင်သည် စားပွဲပေါ်ရှိ ထမင်းဘူးကို မြင်သောအခါ အံ့အားသင့်သွားသည်။ မုရှောင်ခယ် က သူမကို

"ထမင်းစားရအောင်၊ ခုနကဟာအတွက်ကျေးဇူးပါ "

ဆိုတဲ့ စကားလုံးကို ပြသခဲ့သည်။
လော်ကျားမင် လည်း ဗိုက်ဆာနေတဲ့အတွက် မုရှောင်ခယ်၏ စကားကိုဂရုမစိုက်ဘဲ အစာစားရင်း မကျေမနပ်ဖြစ်ပြီး

"မင်းရဲ့ အကိုကြီး က အရမ်းလွန်လွန်းတယ်၊ မင်းကို အနိုင်ကျင့်ပြီး ညစ်ပတ်တာတွေ အများကြီးပြောနေတယ်အဲ့ဒါကို ငြင်းလို့မရဘူး"

"ကိစ္စမရှိပါဘူး၊ ငါ ကျင့်သားရနေပြီ"

လော်ကျားမင် သည် သူ့အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း

"မင်းငါ့အကူအညီလိုရင် မင်းငါ့ကိုပြောပြရမယ်"

မုရှောင်ခယ်က ပြုံးကာခေါင်းညိတ်လိုက်ပြီးလက်ဝတ်ရတနာ လက်ဆောင်သေတ္တာကို ထုတ်ကာ လော်ကျားမင် ၏ စားပွဲပေါ် တင်လိုက်သည်။

လော်ကျားမင် က စိတ်ရှုပ်ထွေးသွားကာ

"ဒါက ငါ့အတွက်လား?"

မုရှောင်ခယ် က သူ့ကိုဖွင့်ဖို့ လှုံ့ဆော်ပေးတယ်။

လော်ကျားမင်သည် ယဉ်ကျေးသိမ်မွေ့ခြင်းမရှိပေ။ သူမသေတ္တာကိုဖွင့်လိုက်သည်။ အတွင်းဘက်တွင် ရွှေရောင်ကြိုးများဖြင့် ကျစ်ထားသော လက်ကောက်တစ်ခုရှိသည်။ အလယ်တွင် တောက်ပသော အဖြူရောင်နှင့် အဝိုင်းပုလဲ ၃ လုံးရှိသည်။ ပုလဲဘေးတွင် ကွဲနေသော စိန်လေးများရှိသည်။ အလွန်ပြေပြစ်ပြီး လက်ရာမြောက်သည်။

"ငါ့အတွက်လား?"

လော်ကျားမင် သည် လက်ကောက် ကြိုက်သော်လည်း သူမ ရှက်သွားသည်။ သူမ ဘာမှ မလုပ်ခဲ့ပါ။ သူ့အတန်းဖော်ကို ပိုက်ဆံအများကြီးကုန်အောင် ဘယ်လို့လုပ်မှာလဲ။မုရှောင်ခယ်က

"ကျွန်တော် ကိုယ်တိုင်လုပ်ထားတာပါ။ကျွန်တော့်ကို မရယ်ပါနဲ့ စမ်းဝတ်ကြည့်ပါ။"

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now