Chapter - 14

4.6K 776 25
                                    

Umicode

မုခိုင် သည် စိတ်အားထက်သန်​နေသော ဖူကျားယွီ ကို ဖမ်းကိုင်လိုက်ပြီး မုခိုင် ၏ စိုးရိမ်စိတ်သည် ပို၍ လေးလံလာသည်။

ခုနက မုရှောင်ခယ် နဲ့ စကားပြောနေတဲ့အချိန်
ဖူကျားယွီ ရှေ့မှာ ဖူကျားယွီ နဲ့ Rong Yanzhe ကို ဂရုမစိုက်ဘူးလို့ ပြောရဲတဲ့ အကြောင်းပြချက်က
ဖူကျားယွီရဲ့နှလုံးသားထဲမှာ သူဆိုတဲ့မုခိုင်ဟာ မြင့်မြတ်ပြီး ဖြူစင်တဲ့လူတစ်ယောက်ဖြစ်နေမယ်လို့ ယုံကြည်တာကြောင့်ပါ။ ဖူကျားယွီက သူ့ချစ်သူကို နာကျင်စေခဲ့တဲ့အတွက် သူ့ညီလေးရဲ့ နားလည်မှုကို ရအောင်ယူတယ်လို့တောင် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ဆိုတော့ မုရှောင်ခယ်ကမကောင်းမှု ကျူးလွန်တဲ့ ဗီလိန်ဖြစ်ပြီး၊ သူ့အတွက်ကိုယ်ချင်းစာတရားရှိဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။

ဒါပေမယ့် မုရှောင်ခယ်ဟာ သူ့ရဲ့ စိတ်နေစိတ်ထားကို ရုတ်တရက် ပြောင်းလဲသွားလိမ့်မယ်လို့ သူတကယ် မမျှော်လင့်ထားခဲ့ပါဘူး။ သိက္ခာရှိတဲ့ ကလေးကို ဘယ်လို နှိမ့်ချ ဆက်ဆံရမယ် ဆိုတာ သူ့ထက်ဘယ်သူပိုသိမှာလဲ?

မုရှောင်ခယ်၏ တစ်ကိုယ်ကောင်းဆန်ပြီး ရိုင်းစိုင်းသော ကလေးတစ်ဦးကို ထိန်းသိမ်းထားမှသာလျှင် သူသည်လူတိုင်း၏ရှေ့မှောက်တွင် ကရုဏာနှင့် သန့်ရှင်းသော ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

ဖူကျားယွီ ၏ စိုးရိမ်သောကရောက်နေတဲ့ အသွင်အပြင်သည် မုခိုင်ကို ညီအစ်ကိုများကြား ဆက်ဆံရေး ပြောင်းလဲသွားနိုင်ကြောင်းကို ဖူကျားယွီကစိတ်ထဲတွင်အသိပေးနေသလိုပဲ။

ဖူကျားယွီ မုခိုင် ပြောသလို လျစ်လျူရှုလို့ မရဘူး။ သူ့မှာ မေးခွန်းတွေနဲ့ ပြည့်နေတယ်။ အကယ်မုရှောင်ခယ်သည် သူတို့အပေါ် အကန့်အသတ်မရှိ အာဃာတတွေမရှိခဲ့ပါက ဒီရက်တွေအတွင်း သူတို့ကိုဆက်ဆံပုံမှာအေးစက်နေတာကိုဘယ်လို ရှင်းပြမလဲ။ သူတို့အားလုံးက မုရှောင်ခယ် ကြီးပြင်းလာတာကိုကြည့်ပြီး အရင် မုရှောင်ခယ် ကို ကောင်းကောင်းသိကြပါတယ်။ ငယ်စဉ်က မတော်တဆမှုမဖြစ်မီက မုရှောင်ခယ် သည် မု မိသားစု၏ ဂုဏ်ယူစရာကောင်းသော သားငယ်လေးဖြစ်သည်။ မတော်တဆမှုဖြစ်ပြီးချိန်တွင် သူသည် လူများနှင့် အချိန်အတော်ကြာ ထိတွေ့ခြင်း မရှိသော်လည်း သူ၏ စကားပြောစွမ်းရည်ကို တဖြည်းဖြည်း ပြန်လည်ရရှိလာသည့်အချိန်တွင် သူ၏ တက်ကြွပြီး ထက်မြက်သော သဘာဝက တဖြည်းဖြည်း ထွက်ပေါ်လာသော်လည်း ကျန်းမာတဲ့သူ့ရဲ့ အကိုကြီးက သူရဲ့ အလင်းရောင်အားလုံးကို ခိုးယူသွားသောကြောင့် မာနကြီးတဲ့ စိတ်ထားက ပိုဆိုးလာပြီး သူနည်းနည်းလေး စိတ်မချမ်းသာဖြစ်ရင် မူးလဲကျသွားတော့တာပဲ။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now