Chapter-48

2.1K 358 10
                                    

Unicode

နှစ်ရက်အတွင်းမှာပဲ Rong Yanzhe က မုရှောင်ခယ်ကို message ပို့တယ်

"ငါအင်တာဗျူးအောင်သွားပြီ"

မုရှောင်ခယ် သည် သူ၏ အထက်တန်းနှစ်ကို စတင်နေပြီ ဖြစ်သည်။Rong Yanzhe ကသူ့ရဲ့
"ဂုဏ်ယူပါတယ်" ဆိုတဲ့ စာကို မြင်လိုက်ရတော့ သူက ပိုသက်တောင့် သက်သာရှိသွားတယ်။

Rong Yanzhe က

"မင်းငါ့ကို ဒီလိုနည်းနဲ့ နိုင်ငံခြားသွားစေ ချင်တာလား?"

Rong Yanzhe က သူ့ကို နိုင်ငံခြားမှာ ပညာသင်ကြားရန်ဆွဲ ဆောင်တဲ့ မုရှောင်ခယ် ရဲ့ တကယ့်ရည်ရွယ်ချက်ကို သံသယ ဖြစ်မိနေတာ ထင်ရှားပါတယ်။ ဒါကိုမြင်တော့ မုရှောင်ခယ် လည်း အနည်းငယ် စိတ်ရှုပ်သွားသည်။ Rong Yanzhe က ဘာလို့ဒီလိုမေးတာလဲ သူမသိဘူး။Rong Yanzhe က နိုင်ငံခြားမှာ ကျောင်းတက်ဖို့ စီစဉ်နေတာပဲမဟုတ်ဘူးလား။

မုရှောင်ခယ် သည် Rong Yanzheသံသယဖြစ်မည်ကို စိုးရိမ်သောကြောင့် အမြန်ပြန်ဖြေသည်

"မင်း နိုင်ငံခြားကိုတကယ်သွားချင်တယ်မလား?"

Rong Yanzhe သည် သေချာပေါက်မသွားချင်ပေ။

"အခုတလောမှာ အိပ်မက်တွေ အမြဲမက်နေတယ်။ အိပ်မက်ထဲမှာ ဖြစ်ပျက်သမျှတွေက မင်းနဲ့ဝေးဝေး မနေဖို့ သတိပေးနေတယ်။"

ဒီစကားတွေကို ကြည့်လိုက်တော့ မုရှောင်ခယ် က သူ့ နှလုံးသားထဲမှာ ခံစားချက်တွေ ဆိုးသွားပြီး

"ဘာအိပ်မက်လဲ?"

"မပြောနိုင်ပေမယ့် ငါမင်းကိုထားခဲ့ရင် မင်းထွက်သွားလိမ့်မယ် လို့သတိပေးနေတယ်"

မုရှောင်ခယ် ဖုန်းကို ညှစ်မိလိုက်သည်။
Rong Yanzheတစ်ခုခု သိ သွားပြီလား။

ဒါပေမဲ့သူဘာသိနိုင်မှာလဲ?ချူဟန်ကိုလား၊ မုရှောင်ခယ်ရဲ့အတွေးတွေကိုလား။

"မုရှောင်ခယ်၊ မင်းက အမြဲတမ်း ငါနဲ့ ဝေးနေတာပဲ၊ ငါ စာလုပ်ဖို့ အပြင်သွားရင် မင်းကိုငါ့ရဲ့ပုံရိပ်တွေထဲတောင် နေတော့မှာမဟုတ်ဘူးမလား"

မုရှောင်ခယ် က

"မင်းပြောတာကို ငါနားမလည်ဘူး၊ ငါကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ချင်တယ်"

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now