Chapter -20

4.1K 712 14
                                    

Unicode

လော်ရှန့် ၏ နာမည်ကို ခေါ်ဆိုပြီးနောက် ရှောင်ရင် ၏ တဲသည် ပို၍ပင် ပြည့်ကျပ်လာခဲ့သည်။ လော်ရှန့်ကိုယ်တိုင်က မုရှောင်ခယ် နဲ့ စကားပြောနေတုန်း သူလုပ်ခဲ့တဲ့ အဓိကအရာတွေကို လုံးဝမသိလိုက်ဘူး။

"သခင်မလေး၊ မြန်မြန်ကတိပေးနော်!"

( ဒီနားလေးမှာ ဝတ္တုမှာ Madam လို့သုံးထားပါတယ် နားထောင်ကောင်းအောင် သခင်မလေးလို့ပြန်လိုက်ပါတယ် တစ်ခုရှိတာက ရှောင်ခယ်ကိုပြောနေတာကို ဘာလို့ Madam လို့သုံးလည်းကျွန်တော်လည်းမသိပါဘူး >< )

ရှောင်ရင်သည် မုရှောင်ခယ် ၏အဝတ်အစားထောင့်ကို တိတ်တဆိတ်ဆွဲယူလိုက်ပြီး သူ့ကို မျက်စိမှိတ်ပြလိုက်သည်။

မုရှောင်ခယ်သည် ရှောင်ရင်၏အဓိပ္ပါယ်ကိုဖတ်​ပြီးနားလည်သောကြောင့်နောက်ဆုံးတွင်မုရှောင်ခယ်ခေါင်းညိမ့်လိုက်​ပြီးး ၄င်း ကိုအမြန်ရောင်းလိုက်သည်။

လော်ရှန့် သည် မုရှောင်ခယ် နောင်တရမည်ကို စိုးရိမ်သောကြောင့် သူ၏လက်ကိုင်ဖုန်းကို ချက်ချင်းထုတ်ကာ ငွေပေးချေရန်ကုဒ်ကို စကင်န်ဖတ်လိုက်သည်။

"စကားမစပ် ma'am ၊ မင်းမှာ W ဘလော့ရှိလား?တစ်ယောက်နဲ့တစ်ယောက်ရင်းနှိးသွားရအောင် အပ် ကြရအောင်"

( ma'am = well ဒီစာလုံးက ယဥ်ကျေးစွာခေါ်ဆိုတဲ့နေရာမှာသုံးပါတယ် လေးစားတဲ့နေရာမှာပေါ့ ဆရာမ ဆရာ အဲ့လိုအဓိပ္ပါယ်ပါ)

လော်ရှန့် သည် Weibo ကိုဖွင့်ပြီး မုရှောင်ခယ် ၏ ID ပြောချိန်ကိုစောင့်နေလိုက်သည်။

မုရှောင်ခယ် အံ့အားသင့်သွားသည်၊ သူ့တွင် ဘလော့တစ်ခု မရှိပါ။

"မင်းမှာ ဘလော့မရှိဘူးလား ma'am"

"ဒါဆို မင်း ကိုဘယ်လိုရှာရမလဲနောက်တစ်ခါ ထုတ်ကုန်အသစ်တစ်ခုလုပ်လို့ ငါမဝယ်လိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ?"

လော်ရှန့်သည် အလွန်စိတ်မကောင်းဖြစ်ပြီး
မုရှောင်ခယ်ကို W ဘလော့ဂ်အကောင့်တစ်ခုလျှောက်ထားရန် ကူညီပေးချင်ပါသည်။

"ငါ့Station X မှာ အကောင့်တစ်ခုရှိတယ်၊ ပြီးတော့ အနာဂတ်မှာ ငါ့အလုပ်တွေကို အဲဒီနေရာမှာအပ်ဒိတ်လုပ်မယ်။ မင်းလိုချင်ရင် မင်းငါ့အကောင့်ကို အနည်းဆုံးငါ့အကောင့်ကို add နိုင်တယ်။"

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now