Chapter- 53.2

2.7K 332 19
                                    

Unicode

ချူဟန် က သူ့ကို အမြန်ဆွဲပြီး

"မင်းအတွက် ကိုယ်ကန့်လန့်ကာတွေကို ဆွဲချပေးမယ်။ နောက်ကျရင် ဒါတွေကို ဘယ်သူမှ မတွေ့နိုင်အောင် သော့ခတ်သိမ်းထားရမယ်"

မုရှောင်ခယ် က သူပြောတာကို ဘယ်မှာငြင်းနိုင်တော့မှာလဲ

ရေပိုက် ကိုဖွင့်လိုက်ပြီး ချူဟန် သည် မုရှောင်ခယ် ကို အဝတ်လှဲခန်းသို့ ခေါ်သွားသည်။ အဝတ်လှဲခန်းသည် မုရှောင်ခယ် ၏အိမ်ရှိ အိပ်ခန်းအရွယ်အစားဖြစ်သည်။ အလယ်တွင် ခုံတန်းလျားတစ်ခုရှိပြီး နှစ်ဖက်စလုံးတွင် မှန်များပါသော ဗီရိုတစ်ခုရှိသည်။
ချူဟန်သည် ဗီဒိုတစ်ခုမှ ညဝတ်အင်္ကျီတစ်ထည်ကို ထုတ်ယူလိုက်သည်။မုရှောင်ခယ် တစ်ချက်ကြည့်လိုက်တော့ ဒါက သူ့ကိုယ်ပိုင်ဟာမှန်းသိတယ်။
ချူဟန်က

"ကိုယ်မင်းအိမ်ကနေ ယူလာခဲ့တာ"

မုရှောင်ခယ်သည် ချူဟန် ကိုကြည့်လိုက်ရာ၊ ဤလူသည် သူ့အတွက် အရာအားလုံးအဆင်သင့်ရှိနေပြီဟု ရုတ်တရက် သဘောပေါက်လိုက်သည်။ ချူဟန်က သူ့နောက်ကို လိုက်လာမယ်လို့ ယုံကြည်နေတာလား။

"တမင်ပြင်ဆင်ထားတာလား အရမ်းကောင်းတယ် ကျွန်တော့်ကိုလှည့်စားနေတာပဲ"

မုရှောင်ခယ်၏ လက်ဟန်ပြဘာသာစကားသည်
ချူဟန် ၏ အောင်ပွဲခံအပြုံးကို ဆွဲဆောင်နိုင်ခဲ့ပြီး

"ဟုတ်တယ်၊ ကိုယ်ကြိုတင်မပြင်ဆင်ထားပဲ တိုက်ပွဲကို ဘယ်တော့မှ မတိုက်ပါဘူး၊ ကိုယ်ကမရနိုင်တော့ဘူး ဆိုတဲ့ခံစားချက်ကို မလိုချင်ပါဘူး။ ကလေး၊ မင်းက ကိုယ့်အတွက်ပဲ ဖြစ်ရမယ်"

အဲ့ဒီနောက်ချူဟန်က သူ့ကို ပွေ့ဖက်ကာ လေးလေးနက်နက် နမ်းပြန်သည်

ထိုမှသာ မုရှောင်ခယ် သည် ချူဟန် စကားမြား၏အဓိပ်ပါယျကို နားလည်လာခဲ့သည်။ အကယ်၍ သူသဘောမတူပါက ချူဟန် သည် သူ့ကို အမှန်တကယ် စွန့်လွှတ်ပြီး လမ်းခွဲမည့်အစား သူ့သဘောတူရန် နည်းလမ်းရှာလိမ့်မည်။

မုရှောင်ခယ် သည် အားကိုးရာမဲ့ဖြစ်ပြီး ချူဟန် ကို တကယ်လက်မလွှတ်နိုင်ပါ။ ဤလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ချူဟန်ကိုဆုံးရှုံးလိုက်ရမယ်ဆိုတဲ့ဝေဒနာကို မခံနိုင်တော့ပေ။ ချူဟန်၏ ဆုပ်ကိုင်နမ်းရှုံ့ခြင်းကို ခံရသောမုရှောင်ခယ်သည် သူတကယ် အသက်ရှင်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now