Chapter - 36

3.6K 567 28
                                    

Unicode

"ကျေးဇူးပြုပြီး သတို့သား နှစ်ယောက်ကြား လက်စွပ်လဲလှယ်ပေးပါ။"

   သူတို့သားနှစ်ယောက်ကတော့ Rong Yanzhe နဲ့ မုရှောင်ခယ်ဖြစ်တယ်။ Yanzhe က သူ့မျက်လုံးတွေကို မယုံနိုင်ပေ။ ထိုအချိန်တွင် မုရှောင်ခယ် သည် သပ်ရပ်သော အဖြူရောင်ဝတ်စုံနှင့် သူ့ရှေ့တွင် ရပ်နေပြီး သူ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများ ဝန်းရံထားသော်လည်း သူတို့မျက်နှာပေါ်တွင် အပြုံးမရှိပေ။

   ဘာကြောင့် မရယ်ကြတာလဲ? သူတို့ မပျော်ကြဘူးလား။ သူသည် မုရှောင်ခယ် ကိုလက်ထပ်မယ်၊ သူ့ကို အမြဲငြင်းပြီး သူ့ကိုမုန်းနေတဲ့
မုရှောင်ခယ် သည် သူ့ကို လက်ထပ်လိမ့်မယ်။

Rong Yanzhe က လက်စွပ်ကို ကောက်ကိုင်လိုက်ပြီး မုရှောင်ခယ် ရဲ့ လက်သူကြွယ်မှာ စွပ်လိုက်တယ်။ ကံကောင်းထောက်မစွာ၊ ယခု မုရှောင်ခယ် သည် အလွန်လိမ္မာရေးခြားရှိပြီး ရိုးသား​နေသည် သူ့လက်ကို ဆုပ်ကိုင်ထားကာ လက်စွပ်ကို ဝတ်ဆင်ခွင့်ပေးသည်။

    ဒါပေမယ့် မုရှောင်ခယ် ရဲ့ မျက်နှာပေါ်က အပြုံးက သူ မော့ကြည့်လိုက်တဲ့အခါ ဘာ​ကြောင့်
​ပြုံးဖို့ရာကိုဝန်လေးနေရတာလဲ။ မုရှောင်ခယ် က သူ့ကို လက်မထပ်ချင်ဘူးလား။

အရင်ကလိုပဲ မုရှောင်ခယ် က သူ့ကို မ​ခေါ်ချင်ဘူးလား၊ သူက ပြုံး​ပြရမယ်မဟုတ်လား၊ အခု ပြုံးပြ​နေတာကတာဝန်အရလိုပဲ

    မင်္ဂလာဆောင်ညတွင် Ring Yanzheသည် သူ၏ "သတို့သမီး" ကိုရှာရန် မစောင့်နိုင်ပေ။ ဘာကြောင့်မှန်းမသိသတို့သမီး ရှာမတွေ့ခဲ့ဘဲ တစ်ချိန်လုံး သူ့နောက်လိုက်နေသော မုခိုင်သာရှိနေသည်။

    မဟုတ်ဘူး၊ မမှန်ဘူး၊ မုခိုင် က သူ့နောက်ကို လိုက်နေတာ မဟုတ်ဘူး၊ သူက မုခိုင်နောက်ကို လိုက်နေပုံရတယ်။

    "အစ်ကိုYanzhe တောင်းပန်ပါတယ် မင်းကိုဒီလိုအနစ်နာခံလုပ်​ပြီးမလုပ်​​ပေး​စေချင်ပါဘူး။ ဒါပေမယ့် ရှောင်ခယ် က အရမ်းတော်တဲ့ကလေးပါ။ တစ်ခါတလေ ခေါင်းမာပေမယ့်လည်း စိတ်မဆိုးတက်ပါဘူး။"

    "သူ့ကအကောင်းပြောဖို့မထိုက်တန်ဘူး။ သူက ငါ့ကုတင်ပေါ်တက်ဖို့ကြိုးစားနေတာ မင်းအတွက်မဟုတ်ရင် ငါ သူ့ကို ဂရုမစိုက်ဘူး"

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now