Chapter-49

2.3K 382 7
                                    

Unicode

တကယ်တော့ မုရှောင်ခယ် အတွက် ပထမဆုံးအရက်သောက်ဖူးတာဖြစ်တယ်။alcoholပါဝင်မှုက အများကြီးမဟုတ်ပေမယ့်လည်း သူက တစ်ခါမှမသောက်ဖူးတော့ တော်တော်ပြင်းတယ်လို့ပြောရမယ်။နောက်နေ့မနက်ရောက်တော့ သူ့ပုံကမအီမသာဖြစ်နေတုန်းပဲ...

ရေတစ်ခွက်နဲ့အတူ မုရှောင်ခယ် ရဲ့အခန်းဆီကို လာတဲ့ ချူဟန် က သူ့(မုရှောင်ခယ်)ရဲ့ခေါင်းကို ဖိရင်း စိတ်ရှုပ်နေပုံရတဲ့ မုရှောင်ခယ် ကိုမြင်လိုက်တယ်

ပြီးတော့ ချူဟန်က သူ့(မူ့ရှောင်ခယ်)ဘေးနားကိုထိုင်ချလိုက်ရင်း သူ့လက်တွေနဲ့ မုရှောင်ခယ်ရဲ့ ပုခုံးကို နှိပ်နယ်ပေးလိုက်တယ်

"ဘာဖြစ်လို့လဲ...ခေါင်းကိုက်နေလို့လား"

မုရှောင်ခယ် ကခေါင်းလေးညိမ့်ပြရင်း ကလေးလေးတစ်ယောက်ကို မကျေမနပ်တဲ့ပုံစံနဲ့ သူ့ကိုကြည့်တော့ ချူဟန်က သဘောတကျ ပြုံးရင်း ရှောင်ခယ့် ပါးလေးကို ဆွဲလိုက်ကာ

"ကောင်းပါပြီဗျာ..ဒါဆိုသက်သာသွားအောင် ပျားရည်ပူပူလေး သောက်လိုက် နော်"

ချူဟန် က ဖန်ခွက်ကို ကိုင်ထားကာ မုရှောင်ခယ် နားသွားလိုက်တယ်... သူ မုရှောင်ခယ် ကို ဒီလိုပုံစံနဲ့ တိုက်လို့ရမယ်လို့ ထင်မထားခဲ့ဘူး...

မုရှောင်ခယ်က သူကိုယ်တိုင်တောင်သတိမထားမိလိုက်ဘဲ ချူဟန် တိုက်တာကို ပါးစပ်လေးဟပီး သောက်လိုက်တယ်။

သူ့မျက်လုံးတွေကိုပြန်ဖွင့် လိုက်တော့ ချူဟန့် ရဲ့ မျက်နှာ နဲ့ လက် ကိုအနီးကပ်တွေ့လိုက်ရတယ်....ချက်ချင်းဆိုသလို သူ့မျက်နှာတွေပူလာပီး ချူဟန့်ဆီက ခွက်ကိုဆွဲယူကာ သူ့ဘာသာသူ သောက်မယ်ပြောလိုက်တယ်....

"ကျွန်တော် ရှက်နေသေးတယ်....မနေ့ညကကျောကိုမှီထားပေမယ့် ဘာမှ မတွေ့လိုက်ပါဘူး"

မုရှောင်ခယ် ကဆက်မသောက်တော့ဘဲ သူ့လက်နဲ့မျက်နှာကိုအုပ်ကာ အသံအမြင့်နဲ့

"နောက်ထပ်ဘယ်တော့မှ မသောက်တော့ဘူး"

နေ့လည်ရောက်တော့..

နောက်ဆုံးတော့ မုရှောင်ခယ် နိုးလာပြီ....ပြီးတာနဲ့ အခန်းအပြင်ထွက်ပြီး ဘေးဘီကို ကြည့်လိုက်တော့

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now