Chapter- 19

4.2K 769 23
                                    

Unicode

"ချစ်စရာလေး?!"

မုရှောင်ခယ်သည် အတွေးတွေကိုချေမှုန်းလိုက်ပြီး အခြားသူများကို တစ်ချက်မှမကြည့်ဘဲ အိမ်ထဲသို့ လှည့်ပြေးသွားသည် ။

မုရှောင်ခယ် ၏အတိတ်နှင့်ပစ္စုပ္ပန်ဘဝတွင် ချစ်စရာလေးဟုခေါ်ဆိုခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။မုရှောင်ခယ် က ဘယ်လိုမှ မရှက်ပဲမနေနိုင်ပါ။ ထို့အပြင် သူသည် *မြီးကောင်ပေါက်ခွေးများ မုန်းတီးသည့် အရွယ်တွင် ရှိနေပြီဖြစ်သည်၊ လူအချို့က ချစ်စရာကောင်းတယ်လို့ဘယ်လိုလုပ် ထင်မြင်နိုင်မလဲ?
( * အရွယ်ရောက်နေပြီ)

ချူဟန် က တကယ်ကိုသာမာန်လူမဟုတ်ဘူး!

မုရှောင်ခယ် မော့ကြည့်လိုက်ချိန် သူ့ခွေးဂေဟာနဲ့တူတဲ့ ဧည့်ခန်းကိုတွေ့တော့ သူချက်ချင်း သန့်ရှင်းရေးလုပ်သည်။ချူဟန် ဝင်လာတာနဲ့ ဒီလှောင်အိမ်ကို ကြောက်လန့်မနေစေရဘူး။ အခြားအရာများ ဘယ်လိုပဲဖြစ်နေပါစေ မုရှောင်ခယ် သည် အမှိုက်ကျနေသောအဝတ်အစားများကို ကောက်ယူကာ စာဖတ်ခန်းထဲသို့ ချလိုက်ပြီးနောက် စာဖတ်ခန်းတံခါးကို တင်းကျပ်စွာပိတ်လိုက်သည်။

စကားမစပ်၊ ဧည့်သည်အတွက် လက်ဖက်ရည်နှင့် အဆာပြေမုန့်များပြင်ဆင်ရအုံးမယ်မလား

မုရှောင်ခယ် သည် ရေကျိုဖို့ လက်ဖက်ရည်အိုးကိုရှာရန် မီးဖိုချောင်သို့ အမြန်သွားနေချိန် သူမသိတာကချူဟန်သည် သူ့အလုပ်များပြီးသည့်နောက်တွင် သူ့ဆီကိုလာခဲ့သည်။

ချူဟန် သည် မုရှောင်ခယ် ၏အခန်းရှေ့တွင် ရပ်နေပြီး တံခါးခေါက်တော့မည်ဖြစ်သော်လည်း တံခါးတွင် ကွက်လပ်ကြီးတစ်ခု ရှိနေသည်။မုရှောင်ခယ်သည် အလွန်သတိမထားမိသောကြောင့် တံခါးကိုမပိတ်ဘဲနေလိုက်သည် ။ ချူဟန် တံခါးကို တွန်းဖွင့်လိုက်ရာ အထဲမှာ ဆူဆူညံညံ ရေဆူသံတွေကို ကြားလိုက်ရပြီး တံခါးပိတ်သံလည်း ဖုံးလွှမ်းသွားသည်။

ချူဟန် သည် မုရှောင်ခယ် ကို သင်ခန်းစာတစ်ခုသင်ပေးရန် ရည်ရွယ်ကာ ညင်သာစွာ လျှောက်လာခဲ့သည်။

ချူဟန် သည် ပထမဆုံးအကြိမ် ဧည့်သည်ဖြစ်သည့်အတွက် မုရှောင်ခယ် က မီးဖိုချောင်တွင် ရေကျိုထားသည်။သူ လှည့်ကြည့်လိုက်တာနဲ့ သူ့နောက်မှာ ချူဟန် ရောက်နေတာကို သူ မသိလိုက်ဘူး။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now