Chapter -35

3.2K 584 33
                                    

Unicode

မုအိမ်တော်ကနေထွက်သွား!

    မုရှောင်ခယ် သည် မုရှောက်ယောင်က ဒီလောက်ပြင်းထန်တဲ့စကားမျိုး ပြောလိမ့်မည်လို့မမျှော်လင့်ထားပေ၊ မုခိုင်သည် မျက်ရည်များရပ်တန့်သွားကာ ခဏတာ အထိတ်တလန့် ဖြစ်ခဲ့ရသည်။

မုခိုင် က

"အဖေ  ဘာပြောလိုက်တာလဲ "

 "မင်း ဖျော်ဖြေရေးသမားတစ်ယောက်အနေနဲ့ ပွဲဦးထွက်တော့မှာ မဟုတ်ဘူးလား၊ ဖြတ်လမ်းမလိုက်ချင်ဘူးလား၊ ငါကျေနပ်ပါတယ် မင်းအမေလို ကြယ်ပွင့်တစ်ယောက်ဖြစ်လို့ မင်းအမေနောက်လိုက်နေတာပိုကောင်းတယ်၊ ငါ့မိသားစုက မင်းကိူကြယ်ပွင့်ဖြစ်အောင်လုပ်မပေးနိုင်ဘူး"

 မုရှောက်ယောင်၏ ဒေါသအမျက် ကြောင့် သားနှစ်ယောက်စလုံး အံ့သြသွားကြသည်။

Rong Yanzheသည် ရင်ဘတ်ဘေးမှဒဏ်ရာနှင့်ပတ်သတ်၍ စိတ်လှုပ်ရှားခြင်းနှင့် နာကျင်ခြင်းအရိပ်အယောင်မပြပေ။ ဘာလို့လဲဆိုတော့ သူ့အသဲလေးလက်ချက်ဖြစ်နေလို့။
(အရင်အပိုင်းမှာတုန်းကရှောင်ခယ်ကသူ့ကိုထုရိုက်ထားတာမှတ်မိတယ်ဟုတ်)

ဖူကျားယွီသည် အလွန်စိုးရိမ်နေသော်လည်း
မုရှောင်ခယ်လောက် မစိုးရိမ်ပါ။

    သူ့ပတ်ဝန်းကျင်ရှိ ပုံမှန်မဟုတ်သော အပြောင်းအလဲများကို ကြည့်ရင်း မုရှောင်ခယ် အံ့သြဝမ်းသာဖြစ်ခဲ့သည်။ သူပြန်လည်မွေးဖွားလာချိန်ကစလို့ သူတွေ့ကြုံရတဲ့ ဆန့်ကျင်ကွဲလွဲမှုတွေက ယနေ့ခေတ်အရာတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။

အရင်ဘဝတုန်းက အမှားလုပ်မိတဲ့သူက
မုရှောင်ခယ် ပါ၊ သူထင်ရာစိုင်းပြီး တခြားသူတွေရဲ့ အာရုံစိုက်မှုကို ရယူလိုစိတ်ပြင်းပြတာကြောင့်ပါ။ သူက ငယ်ရွယ်ပြီး တက်ကြွတယ်၊ အရာရာကို အလဟသ ခံယူပြီး အရမ်းလိုချင်တယ်။ ထို့ကြောင့် သူသည် မုခိုင်၏ ထောင်ချောက်များကို နင်းမိသွားရာ သူ့ပတ်ဝန်းကျင်မှ လူများက သူ၏ထပ်ခါတလဲလဲပြဿနာများကြောင့် သူ့ကို ယုံကြည်မှု ဆုံးရှုံးသွားကြသည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now