Chapter - 26

3.9K 705 14
                                    

Unicode

မုရှောင်ခယ် ၏ မွေးနေ့သည် ချူဟန် ထွက်ခွာပြီးနောက် သုံးရက်မြောက်သောနေ့ နိုဝင်ဘာ 21 ရက်ဖြစ်သည်။မုရှောင်ခယ်သည် မက်ဆေ့ခ်ျပို့ပြီးနောက် ချူဟန် ၏အဖြေကို မစောင့်ဘဲနေခဲ့သည်။ သူ့မွေးနေ့မှာလည်းနည်းနည်းလေး စိတ်တွေပျက်နေခဲ့တယ်။

လော်ကျားမင် သည် မုရှောင်ခယ် ၏ မွေးနေ့ကို သိသည် ဘာကြောင့်လဲဆိုတော့ သူမသည်အတန်းဖော်များ၏ အချက်အလက်များကို ဖတ်ထားသောကြောင့် ဖြစ်သည်။ သူက စောစောရောက်လာပြီးမုရှောင်ခယ်၏ မွေးနေ့မှာ

"ရှောင်ခယ်ဒီနေ့ မွေးနေ့ပွဲ လုပ်ချင်လား?"

မုရှောင်ခယ် ခေါင်းယမ်းလိုက်သည်။ ယခု သူသည် အသက် 22 နှစ်အရွယ် အရွယ်ရောက်ပြီး စိတ်ဓာတ် ရင့်ကျက်သူ ဖြစ်ကာ သေခြင်းတရားနှင့် တွေ့ကြုံခဲ့ရသည့်သူ တစ်ဦးဖြစ်ပြီး မွေးနေ့ပွဲများကို မျှော်လင့်ခဲ့သည်။

"ဒါဆို အိမ်ပြန်မှာလား?"

မုရှောင်ခယ် လည်း ခေါင်းခါသည်။ ထိုနေ့တွင် မိဘတွေ့ဆုံပွဲမှစပြီး မုရှောက်ယောင်သည် သူ့ကို မုန့်ဖိုးအချိန်မီ ပေးသေးသော်လည်း သူက သူ့ကို ပြန်မခေါ်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် လူတိုင်း၏ကောင်းကျိုးအတွက် ပြန်မသွားချင်ခဲ့ပေ၊ မဟုတ်ပါက သူတိုက်ခိုက်ရပေလိမ့်မည်။

"ဒါဆို မင်းတစ်ယောက်တည်းလား? ဒါမှမဟုတ် ငါ ရှောင်ရင် ကိုဒီခေါ်လိုက်မယ်၊ ဒီညထမင်းသွားစားရအောင်"

မုရှောင်ခယ် ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်။ အခုလည်း သူလည်းအိမ်မပြန်ချင်သေးဘူး။ သူသည်တစ်ယောက်တည်းနေထိုင်သူဖြစ်ပြီး အနည်းငယ် အထီးကျန်ဆန်နေသည်။

နေ့လည်ကျောင်းဆင်းပြီးနောက် မုရှောင်ခယ် နှင့် လော်ကျားမင်တို့သည် ကျောင်းအဝင်လမ်းတွင် ရှောင်ရင်ကိုစောင့်နေကြသည်။

လော်ကျားမင် သည်မုရှောင်ခယ်ကို ဓာတ်ပုံအယ်လ်ဘမ်များပြသရန် သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ

"မင်းသိပါတယ်၊ အရင်ကငါတို့ ဆရာချူရဲ့ ဓာတ်ပုံတွေ အများကြီး ရိုက်ယူခဲ့တာကို...အဲ့ဒါကို ကောင်လေးတချို့က ရယ်စရာကောင်းတဲ့ ဓာတ်ပုံအယ်လ်ဘမ်အဖြစ် လုပ်ခဲ့တာ"

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now