Chapter - 8

5.1K 914 42
                                    

Unicode

ကျောင်းစတက်ပြီးနောက် မုရှောင်ခယ်သည် အထက်တန်းကျောင်းသားလေးတစ်ဦး၏ဘဝနှင့် တဖြည်းဖြည်း အဆင်ပြေသွားခဲ့သည်။ အထက်တန်းကျောင်းတွင် စာသင်ယူရာတွင် အခက်အခဲမရှိဘူးခဲ့ပေ။ သူကြီးပြင်းလာပြီး ပိုထက်မြက်လာတဲ့အတွက် ဖြစ်နိုင်တယ်။ သူ့ဘာသာသူ အစီအစဉ်တွေချ လုပ်တယ်။ နေ့တိုင်း ကျောင်းကအတန်းတွေကို စနစ်တကျနဲ့ မှန်မှန် တက်တယ်။ စာသင်ပြီးရင် ည ၈ နာရီအထိ *ကျူရှင်ကျောင်းကိုသွားခဲ့တယ်။ကျူရှင် ကျောင်းသည် ကျောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အိမ်ကနေ လမ်းလျှောက်ဖို့ ဆယ်မိနစ်ပဲကြာတယ်။ ညနေမှာ သန့်ရှင်းရေးလုပ်မယ် ပြီးရင် သူ့ရဲ့ကိုယ်ပိုင်အရာတွေကိုလေ့လာသင်ယူနိုင်တယ်။

( *ရေးထားတာတော့ Cram လို့ရေးထားတာပါ Cram ဆိုတာ စာတွေပြန်လေ့လာလို့ရတဲ့နေရာတစ်ခုပါ စာကြည့်တိုက်လိုပဲ ဒါပေမဲ့ သူက Cram လို့ရေးထားလို့ ဖတ်ကောင်း ကျူရှင်လို့ရေးလိုက်တယ် ><။ အမှားပါရင်ခွင့်လွှတ်ပါထောက်ပြပါ)

အစီအစဥ်က ချောမွေ့သွားတယ်။ ကောင်းကောင်းမအောင်မြင်ခဲ့တဲ့ တစ်ခုတည်းသောအရာက သူအကြာကြီးမျှော်လင့်ထားခဲ့တဲ့ အရာပါပဲ။ သူသည် အတန်းထဲက သခင်လေး အချို့နှင့် မပေါင်းသင်းနိုင်ပါ။

အတန်းထဲတွင် သူနှင့်အတူ ကြီးပြင်းလာတဲ့ "ငယ်သူငယ်ချင်းများ" အများအပြားရှိပြီး သူတို့အားလုံးသည် Fenglin Yuan တွင်နေထိုင်သော ချမ်းသာတဲ့သူများ၏ သားသမီးများဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ အပြောင်းအလဲများပြီးနောက်တွင် ထိုငယ်သူငယ်ချင်းများသည် သူနှင့်အကြာကြီးမပေါင်းသင်းတော့ဘဲ သူ့ကိုပင် မထီမဲ့မြင်ပြုခဲ့ကြသည်။ မုရှောင်ခယ်က သူတို့၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သူတို့ထင်မြင်နေကြဖြစ်သည်။ မသန်စွမ်းသူနဲ့ ဘယ်သူကသူငယ်ချင်းဖြစ်ချင်မလဲ?

ထို့အပြင် မုခိုင် သည် ကျောင်းအပ်သည့်နေ့တွင် သူသည်ဆွံ့အနေကြောင်း ကြေညာခဲ့တာကြောင့်သူ၏အတန်းဖော်အသစ် အများအပြားက သူနှင့် ပေါင်းသင်းရန် ဆန္ဒမရှိကြတော့ပေ။

တန်းခွဲသစ် ဖွဲ့တာ တစ်လခွဲပဲ ရှိသေးတယ်။ အတန်းထဲတွင် စုစုပေါင်း ကျောင်းသား 30 ရှိပြီး
မုရှောင်ခယ်ကို သီးခြားခွဲထုတ်ချင်နေတဲ့ မဟာမိတ်အဖွဲ့သည် တစ်ဒါဇင်ကျော် ပါဝင်နေပြီဖြစ်သည်။ဒီမဟာမိတ်အဖွဲ့မှလူအရေအတွက်သည်ဆက်လက်တိုးလာမယ်လို့ မုရှောင် ပြောနိုင်သည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now