Chapter-33

3.2K 537 18
                                    

Unicode

မုရှောင်ခယ်သည် မုရှောက်ယောင်၏လက်ကိုင်ဖုန်းကိုကြည့်ရန် ချက်ချင်းပြေးသွားသည်။

    မုရှောက်ယောင်က ဝမ်းသာအားရလွန်း၍ ပါးစပ်ကို မပိတ်နိုင်။

"ကျောင်းတက်ဖို့ ပိုက်ဆံက အလကားမဟုတ်ဘူး။ မင်းမှာ ဒီလောက်ကောင်းတဲ့ ဖခင်ရှိနေရင်တော့စိတ်မပူနဲ့!"

    သူ့အဆင့်တွေကိုကြည့်ရင် မုရှောင်ခယ်က အမှတ်ပြည့်ရတယ်လို့ မပြောနိုင်ပေမယ့် အတော်လေးလွယ်တဲ့ ဘာသာရပ်တချို့က အမှတ်ပြည့်၊ အထူးသဖြင့် သင်္ချာတွင် သူ 140 ရခဲ့ပါတယ်။ သူ့အဖေပြောတာမှန်တယ်၊ ကျောင်းတက်ဖို့ ပိုက်ဆံက အလကားမဟုတ်ဘူး!

      "ကောင်းပြီ၊ အနာဂတ်မှာ ငါ ဆက်ပြီး ကြိုးစားသွားမှာပါ၊ ငါတို့မိသားစုက နံပါတ်တစ်ဆုရှင်ကို ရနိုင်သေးတယ်!"

    မုရှောင်ခယ်သည် တခဏအတွင်း ဖိအားများကို ခံစားခဲ့ရသည်။ အဖေက သူချန်ပီယံဖြစ်ဖို့ ဘာကြောင့် ရုတ်တရက်မျှော်လင့်လာတာလဲ? ဒါက မုခိုင်ရဲ့တာဝန်မဟုတ်ဘူးလား။
မုရှောင်ခယ်က မုခိုင်သည် ယခင်ဘဝက Rong Yanzhe ကဲ့သို့ ကျောင်းမတက်နိုင်ခဲ့သော်လည်း ယခုဘဝရဲ့ကျောင်းကိုတောင်မှမတက်နိုင်ခဲ့ပေ၊ မိသားစုထဲက ဘယ်သူကမှ မု မိသားစု၏ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်ကြောင်း သတိရမိသည်။
(ပြောချင်တာက Rong Yanzhe လို အဆင့်မြင့်တဲ့တက္ကသိုလ်ကို မုခိုင်ကမတက်နိုင်ခဲ့တာပါ)

ဒါတောင်မှ အခု မုရှောင်ခယ်ကိုမျှော်လင့်နေတာများလား။ မုရှောင်ခယ်သည် မုခိုင်ကို မျက်လုံးဖြင့် သတိပေးသလို ကြည့်လိုက်ခြင်းကို မုခိုင်ချက်ချင်း သတိပြုမိသည်။

    မုခိုင်သည် သူ့လက်သီးများကို တိတ်တဆိတ် ဆုပ်လိုက်သည်။ မုရှောက်ယောင် သည်
မုရှောင်ခယ်၏ထူးချွန်မှုနှင့်တာဝန်ယူနိုင်မှုကိုရှာဖွေတွေ့ရှိခဲ့သည်။ အကယ်၍ မုရှောင်ခယ်သည် ဤကဲ့သို့ တိုးတက်မနေပါက မုရှောက်ယောင်သည် မုရန်ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးအား သူ့ကိုပေးမည်မဟုတ်။

     "ရှောင်ခယ်၊ ဆံညှပ်လုပ်တာကလွဲလို့ မင်းအချိန်တွေမှာ ဒီ​လောက်စာကျက်မယ်လို့ ငါမမျှော်လင့်ထားဘူး။ အဲဒါက ငါ့ကို တကယ်ရှက်စေတယ်။"

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now