Chapter - 16

4.6K 803 31
                                    

Unicode

ဖူကျားယွီ က သူ့ကို ဘာကြောင့် တွေ့ဖို့လာတာလဲ
မုရှောင်ခယ် သိပါသည်။

ထိုနေ့က Rong Yanzhe ကိုတွေ့လိုက်ရတော့ Rong Yanzhe က ဖူကျားယွီ ကသူ့ကိုဖုန်းဆက်ပြီး မုရှောင်ခယ် သည် သူတို့နှစ်ဦးကို မုန်းတီးကြောင်းပြောခဲ့သည်။မုရှောင်ခယ် နှင့်ပတ်သတ်ပြီး မုခိုင်ကလူများကို နှိမ့်ချခြင်း မပြုကြောင်းကို သိထားပြီး၊ သူနှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို ဖူကျားယွီနှင့် Rong Yanzhe အား ပြောပြခဲ့သည်။

ဒါပေမယ့် ဒီလူနှစ်ယောက် ဘာလိုချင်လဲဆိုတာကို သူတကယ်နားမလည်နိုင်ဘူး။

အရင်က ဖူကျားယွီ ကို နှောင့်ယှက်ပြီး သူတို့ကြားကို ဝင်ရှုပ်တဲ့အခါ ဖူကျားယွီ နဲ့ Rong Yanzhe က ဘယ်လောက် စိတ်မရှည်ဘူး ဆိုတာ မှတ်မိတယ်။ အခုသူတို့ကို အနှောက်အယှက်မပေးတော့တာတောင် လာပြီးရှင်းလင်းချက်တောင်းနေကြတယ်။

"ကျွန်တော်အတန်းတက်ရတော့မယ်"

မုရှောင်ခယ်က စာရိုက်ပြီး ကျောင်းလွယ်အိတ်ကို ဆုတ်ကိုင်လိုက်ကာ ဖူကျားယွီအနား တစ်ယောက်တည်း အကြာကြီး မနေရဲသေးတာကြောင့် ထွက်သွားခဲလသည်။ ထိုအချိန်တွင် သူ့တွင် ဒေါသနှင့် အကြောက်တရားရှိနေသေးသည်။

ဖူကျားယွီ က စိုးရိမ်တကြီးဖြင့်သာ လိုက်သွားခဲ့သည်။ ဖူကျားယွီရဲ့ ရှားရှားပါးပါး စိုးရိမ်တကြီးဖြစ်တဲ့အချိန်က မုရှောင်ခယ် ကြောင့် ဖြစ်လိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။

လေထုကို သက်တောင့်သက်သာဖြစ်စေဖို့ တစ်ခုခုကို စဉ်းစားနေတဲ့ ဖူကျားယွီက

"အရင်ဆုံးတစ်ခုခုသွားစားရအောင်။ မကြာသေးမှီအချိန်အတောအတွင်း မင်းရဲ့ကိုယ်အလေးချိန် ကျသွားပြီလား? အပြင်ထွက်ပြီး တစ်ခုခုကောင်းတာလေးသွားစားရအောင်"

မုရှောင်ခယ် သည် သူ့မျက်လုံးများကို မှိတ်ထားလိုက်ချင်သည်။ အစားအသောက်အကြောင်းက ဘာလို့ ပါလာပြန်တာလဲ?။ သူက အစာငတ်မှာကြောက်ပေမယ့် အများကြီးစားရတာကို မကြိုက်ဘူးဟုတ်ပြီလား?။ ဒီဝမ်းကွဲနှစ်ယောက်က ဘယ်လိုတောင် ငြီးငွေ့စရာကောင်းအောင် အစားအသောက်အကြောင်းပဲပြောနေတာလဲ?

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now