Chapter- 46

2.3K 394 14
                                    

Unicode

Y မြို့ လေဆိပ်။

မုရှောင်ခယ် သည် ချူဟန် ကို ပို့ဆောင်ရန် လေဆိပ်သို့ တစ်ဖန် ရောက်ရှိလာပြန်သည်။ မုရှောင်ခယ် သည် ချူဟန်ကို မျက်လုံးကြီးကြီးဖြင့် ကြည့်ကာ သူ့မျက်လုံးများသည် ချူဟန် ကို မကျေနပ်မှုများနှင့် ပြည့်နှက်နေသည်။

"နောက်တစ်ခေါက် ဘယ်တော့ပြန်လာမှာလဲ"

ချူဟန်သည် မျက်လုံးများဖြင့် အံ့ဩသွားကာ သူ့လက် ကို မြှောက်လိုက်သော်လည်း မုရှောင်ခယ်၏ မျက်နှာပေါ်ရှိ ပျော့ပျောင်းသော အသားအရေကို မထိမီချိန်တွင် မုရှောင်ခယ်သည်သူ့ခေါင်းကို နောက်ပြန်လှည့်ကာရှောင်လိုက်သောကြောင့် မုရှောင်ခယ် ၏ ပခုံးပေါ်၌ လက်ကို ညင်သာစွာ ချလိုက်ရကာ

အချိန်တော့ကြာအုံးမယ် "

မုရှောင်ခယ် သည် စိတ်ပျက်စွာဖြင့် ခေါင်းငုံ့ကာ ချူဟန် သည် သူ့ပုခုံးများကိုမ ညှစ်နိုင်တော့ပဲနောက်ဆုံးတွင် သူ့လက်နှစ်ဖက်ကို ညှစ်လိုက်သည်။

"ခဏနေပါဦး မင်းကြီးလာရင် ကိုယ်ပြန်လာခဲ့မယ်။

မုရှောင်ခယ် က သူ့ကို ပြန်ပွေ့ဖက်လိုက်ပြီး သူ့လက်နှစ် ဖက်ကို အကြိမ်အနည်းငယ် ပွတ်သပ်ကာ ခေါင်းကို မြှောက်ကာ ထိုယုံကြည်စိတ်ချရသော လက်မောင်းမှ ထွက်ကာ တောက်ပသော မျက်လုံးများဖြင့် ချူဟန်ကို စေ့စေ့ကြည့်ကာ

" လမ်းခရီးမှာဘေးကင်းပါစေ ကျွန်တော် ဒီမှာ ရှိတယ်ဆိုတာ သတိရပါနော် ကျွန်တော်ခင်များကို စောင့်နေမယ်"

ချူဟန်အသက်ပြင်းပြင်းရှူပြီး သူ့ရင်ထဲက တွန်းအားအားလုံးကို တွန်းလှန်လိုက်ပြီး

"မင်းလည်း ကျန်းမာရေးဂရုစိုက်ရမယ်၊ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်။"

မုရှောင်ခယ်ဒီစကားကိုကြားတော့ သူ့မျက်ရည်တွေကျလုနီးပါးဖြစ်ပေမဲ့ သူပြန်ဆုပ်ကိုင်ထားတုန်းပဲ၊ သူက အသိုက်ကိုမခွာနိုင်တဲ့ ကြက်တစ်ကောင်လို ဖြစ်နေသည်။

ထိုအချိန်တွင် လေဆိပ်မှ လေယာဉ်တက်ရန် သတိပေးချက်တစ်ခုထွက်ပေါ်လာပြီး ချူဟန် သည် မုရှောင်ခယ်ကိုလွှတ်လိုက်ပြီး ဂိတ်ပေါက်ဝသို့ လှည့်ကြည့် လိုက်သည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now