အခန်း၁(U/Z)

111K 1.2K 4
                                    

(unicode)

''သာစည်ရွာ ''ဆိုတဲ့ ရွာလေးသည် မြို့နဲ့လည်း အရမ်းမဝေးဘဲ ခေတ်မှီဖွံ့ဖြိုးတဲ့ ရွာတစ်ရွာ ဖြစ်သည်။ အစိုးရမီးလည်း ရပြီး အလုပ်အကိုင်တွေကအစ တိုးတက်ကြသည်။စာသင်ကျောင်းကလည်း အထက်တန်းအထိရှိတော့ ဒီနားက ရွာတွေထဲမှာ အကြီးဆုံးပေါ့။

''အိမ်မှာ ထားမယ် ဟုတ်လား... မေမေ''

"အင်း..ဘာဖြစ်လို့လဲ သား"

စည်းခြား သူ၏ မိခင်ကို မယုံကြည်နိုင်စွာ မေးလိုက်သည်။ရွာမှာ စာသင်ဖို့ကျတဲ့ ဆရာမကို အိမ်မှာ ထားမယ်တဲ့လေ။ နားကြားတော့မလွဲပါ။

''မေမေ့ သူငယ်ချင်းရဲ့ သမီးလေးပါ ၊ ပြီးတော့ သားထက်၄နှစ်လောက်ငယ်တယ် ''

မေမေက အပြုံးနဲ့ ပြောပေမဲ့ သူ မပြုံးနိုင်ပါ။မိန်းကလေးတွေနဲ့ အပေါင်းအသင်းမလုပ်သလို အရောတဝင်နေဖို့လည်း စိတ်ကူးမရှိပါ။အဲ့ဒါကြောင့် မေမေရဲ့သဘောထားကို ဆန့်ကျင်ဖို့ မျက်နှာကအစ တဆစ်ချိုးပြောင်းသွား၏။

''ကျွန်တော် သဘောမတူဘူး မေမေ၊ပြီးတော့ တစ်အိမ်ထဲ နေဖို့လည်း သင့်တော်မှာမဟုတ်ဘူး''

ဒေါ်ရတနာဆင့် သားဖြစ်သူရဲ့ အပြောကြောင့် ပြုံးသွားရသည်။ ကောလိပ်တက်တုန်းက စခဲ့သလို နင့်သားမွေးရင် ငါ့သမီးနဲ့ ပေးစားမယ်ဆိုတဲ့ ခင်လေးကို သတိရသွားရသည်။အခုလည်း တိုက်တိုင်ဆိုင်ဆိုင် သူ့ရဲ့သမီးလေးကို အိမ်မှာလာထားချင်တယ်ဆိုပြီး ဖုန်းဆက်လာသည်။ရန်ကုန်မှာဘဲ တာဝန်ကျနေတဲ့ သမီးကို အခုtransferကြတော့ စိတ်မချလို့ တစ်ယောက်တည်း မထားနိုင်ပါဘူးဆိုပြီး အကူညီတောင်းခဲ့သည်။

''ကဲပါ... သားရယ် အဲ့ဒါတွေမပူနဲ့၊ သူ့ရဲ့မိဘတွေကတောင် မေမေ့တို့ကို စိတ်ချလို့ ဒီအိမ်မှာ ထားမှာကို မသင့်တော်စရာ မရှိဘူး''

''မေမေရာ မဖြစ်နိုင်တာကို''

ဒေါ်ရတနာဆင့် ခေါင်းတခါခါ ဖြစ်နေတဲ့ သားကို ကြည့်ပြီး သက်ပြင်းချမိသည်။အသက်က ၂၇နှစ်ပြည့်တော့မယ် အိမ်ထောင်ပြုပါ ပြောလည်းမရပေ။ အခုအသက်ရွယ်ထိ ရင်ခုန်ပြီး ချစ်ရမဲ့သူ မတွေ့သေးလို့ပါတဲ့။ အရပ်မြင့်မြင့်နဲ့သူမ၏သားတော်မောင် စည်းခြားသည် ယောကျာ်းပီသပြီး ချောမောခန့်ညားသူဖြစ်သည်။သို့ပေမဲ့ ယခုအချိန်ထိ ချစ်သူရည်းစားမရှိတော့ သားကိုလူပျိုကြီးဖြစ်မှာလည်း စိတ်ပူရသေးသည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now