အခန်း၅၉

21.5K 484 13
                                    

(unicode)

မနက်၅နာရီခွဲအတိ။ သင်္ကြန်မတိုင်ခင် ဆုံးသွားတဲ့ အစ်ကိုရဲ့အဖေအတွက် အလှုလုပ်ပေးမယ်ဆိုတော့ လိုအပ်တဲ့အလှုပစ္စည်းတွေနဲ့ အင်္ကျီအဝတ်အစား ဝယ်ရန် ရန်ကုန်ကို သွားကြမှာ ဖြစ်သည်။

   ''မီးငယ်..မေမေစိတ်မရှည်တော့ဘူးနော်..''

အခန်းထဲ၌ အခုအချိန်အထိ အနွေးထည်ဝတ်ပေးလို့မရသေးတဲ့ သမီးကို ကြည့်ပြီး ကြာတော့ နှောင်းမှာ စိတ်မရှည်ဖြစ်လာရသည်။သားလေးက အကုန်ပြင်ဆင်ပေးထားပြီး သူ့အဖွားဆီမှာ ငြိမ်နေသလောက် အငယ်မလေးက အခုထိ အရွတ်ဆန်နေသည်။

  ''ဝတ်ချင်ဖူး...မေမေနော်...ဟင့်..''

စည်းခြား အောက်ထဲက ကားသွားစစ်ပြီး အခန်းထဲဝင်လာတော့ နှုတ်ခမ်းလေးထော်နေတဲ့ သမီးနဲ့ မျက်မှောင်လေးကုတ်ထားတဲ့ ဇနီးလေးကို တွေ့လိုက်သည်။

''နှောင်း..ဘာလို့လဲ...မီးငယ်လေးကရော ဘာလို့နှုတ်ခမ်းလေး ထော်နေတာလဲကွ...''

တီရှပ်ပန်းနုရောင်လည်ဝိုင်းအသေးလေးကို ဂျင်းဘောင်းဘီအနက်အသေးလေးနဲ့ တွဲဝတ်ထားပြီးဆံပင်ဝဲဝဲလေးနဲ့ ချစ်စရာသမီးလေးအနား သူထိုင်လိုက်သည်။

  ''ပြောပါအုံး...မီးငယ်ရဲ့..မေမေက ဘာပြောလို့လဲ...''

''ဝတ်ချင်ဖူး...ဝတ်ဖူး...''

နှောင်းလက်ထဲမှာ ကိုင်ထားတဲ့ အနွေးထည်လေးကို အစ်ကို့လက်ထဲ ထည့်ပေးပြီး...။

  ''အနွေးထည်ဝတ်မယ်ဆိုတာ..မဟုတ်ရဘူး..
  အစ်ကိုဘာသာ ဝတ်ပေးလိုက်..''

  စည်းခြားသည် သမီးရဲ့ပါးဖောင်းဖောင်းလေးကို အသာရှိုက်နမ်းပြီး ချီလိုက်သည်။

  ''ဖေဖေလည်း ဝတ်ထားတယ်လေ..သမီးရဲ့၊
  အဲ့ဒါကြောင့် ကားပေါ်ရောက်ရင် ဝတ်ရမယ်နော်''

  ''ဟုတ်တဲ့...''

စည်းခြားပြုံးကာ သမီးလေးနဲ့အတူ အိမ်ရှေ့ထွက်ခဲ့သည်။

အနီရဲရဲဝတ်စုံလေးနဲ့ တင်ပါးအထိရှည်နေသော ဆံပင်တွေကို ခေါင်းစီကြိုးလေးနဲ့ အမြင့်စီးထားပြီး စလင်းဘက်အိတ်လေးလွယ်ကာ စောင့်နေပုံက ကလေးတွေအမေဟု ထင်ရက်စရာမရှိဘဲ အတော်ကို နုပျိုလှပသည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now