အခန်း၁၇

29.6K 634 3
                                    

(unicode)

  ဒီနေ့ ရန်ကုန်က မေမေတို့ လာမည်ဆိုတော့ နှောင်းလည်း မနက်စောစောထပြီး  ဝိုင်းကူနေသည်။ အန်တီတို့နဲ့ အရင်ရက်တွေက မျက်နှာပူခဲ့ပေမဲ့ သူမလည်း ကိုယ့်စိတ်ကို အတက်နိုင်ဆုံး ပြင်ပြီး ပေါ့ပေါ့ပါးပါးဘဲ ပြန်နေရသည်။

     ''သမီးရေ.... နောက်ထဲမှာလား ''

နှောင်း လက်ထဲမှာ ကြက်သွန်ခွာနေတဲ့ ဓားကို အသာချပြီး အန်တီဆီ သွားလိုက်သည်။

       ''ရှင်...လာပြီ...အန်တီရေ ''

ဒေါ်ရတနာ အပြုံးနဲ့ နောက်ဖွေးက ထွက်လာတဲ့ နှောင်းရဲ့ လက်ကလေးကို တယုတယ ကိုင်ကာ ဆက်တီခုံမှာ ထိုင်စေသည်။

        ''နားပါအုံး...သမီးရဲ့ ကိစ္စအသေးအမွှားတွေကအစ လိုက်မလုပ်နဲ့ အိပုံ့ရှိတယ်လေ ''

    ''ရပါတယ် အန်တီရဲ့..သမီးလည်း အားနေတာလေ''

       ''ဒီမှာ... သမီးအတွက်...''

အန်တီသည် ကတ္တီပါဗူးအနီရောင် ၂ဗူးကို နှောင်းလက်ထဲ ထည့်ပေးသည်။

       ''ဟို...ဒါတွေမလိုပါဘူး အန်တီရဲ့ ၊ နှောင်း လက်မခံပါရစေနဲ့''

သူမ လက်ထဲကို ထည့်ပေးလိုက်တဲ့ ဗူးတွေကို အန်တီလက်ထဲ အသာထည့်ပြန်ထည့်ပေးပြီး ငြင်းလိုက်သည်။ အန်တီက ပြုံးလိုက်ပြီး လက်ထဲက ဗူးတွေကို ဖွင့်လိုက်သည်။ပထမဗူးထဲတွင် ကျောက်စိမ်းလေးကို ဘေးက ရွှေကွပ်ထားတဲ့ နားကပ်အသေးလေး တစ်စုံ၊ ရွှေဆွဲကြိုးကိုလည်းကျောက်စိမ်းလော့ကတ်အသေးလေးနဲ့လှလှပပလေးလုပ်ထားသည်။ ဒုတိယဗူးထဲတွင်တော့ ရွှေလက်ကောက်ပြောင်ကွင်း၈ကွင်း၊ လက်စွပ်ကိုလည်း စိန်တစ်ပွင့်ထည့်ထားသည်။ရွှေသီးသေးသေးလေးတွေ၊ တွဲလောင်းလေးတွေ နဲ့ ကလေးဆန်ပြီး လှပတဲ့ ဟန်းချိန်းလေးတစ်စုံလည်းပါသေးသည်။

     ''သမီးအတွက် မေမေ ပေးတာ... ''

အန်တီသည် အစ်ကိုနဲ့ လက်ထပ်မယ်ဟု သိပြီးကတည်းက သူ့ကိုယ်သူ မေမေဟု သုံးတက်ပြီး သူမလေးကိုလည်း သမီးဆိုတာလည်း ပါးစပ်ဖျားက မချပေ။တောသူတောင်သားတွေဆိုတော့ အရမ်းရိုးသားကြသည်။ ပြီးတော့ ရွှေဝတ်ဆင်ခြင်းကိုလည်း အလေးထားကြသည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now