အခန်း၁၀

30.2K 682 1
                                    

(unicode)

               ဒီနေ့သည် ရာသီဥတုကလည်း သာယာပြီး သာစည်ရွာ တစ်ရွာလုံး သက်ဝင်လှုပ်ရှားနေကြသည်။ ရွာရဲ့ ဘုရားပွဲရက် ပထမဆုံးဖြစ်ပြီး
သီချင်းသံများနဲ့ အလွန်သာယာနေကြသည်။

       ''သမီးရေ.... ခဏနေရင် ဒံပေါက်ဝေတော့မှာ၊ အဆင်သင့် ပြင်ထားတော့''

အိမ်မှာကျွေးမွေးတာ မဟုတ်ဘဲ တစ်ရွာလုံး ကလေးလူကြီး မကျန် ဝေငှမှာဖြစ်သည်။ မနက်အစောပိုင်းကတည်းက အန်တီတို့နဲ့အတူ ဘုန်းကြီးကျောင်းမှာလည်း ဆွမ်းသွားကပ်ပြီးပြီဖြစ်သည်။ အစ်ကိုကတော့ မျက်လုံးချင်းဆုံတိုင်း ပြုံးပြတက်ပြီး သူမကို စကားသိပ်မပြောပေ။

           ''ဟုတ်ကဲ့...အန်တီ ''

အစ်ကိုကတော့ အိမ်ရှေ့မှာ သူငယ်ချင်းတွေနဲ့ စကားပြောနေပြီး ဝိုင်းကျနေသည်။ အိမ်မှာ လူခေါ်ပြီး ချက်တာ မဟုတ်တော့ အရမ်းတော့ အလုပ်မရှုပ်ပါ။ ဒါပေမဲ့ ဒံပေါက်ဝေတဲ့အချိန်က ကြေညာထားတော့ ခဏနေရင် လူတွေဆုံကြတော့မှာဖြစ်သည်။

       ''ဟေ့ရောင် စည်း....မင်းတို့အိမ်က ဆရာမလေးက အတော်လှတယ်နော် ''

သူငယ်ချင်းတွေ ပြောမှ မေမေနဲ့ ဝိုင်းကူနေတဲ့ သူမလေးကို ကြည့်မိသည်။ ရင်ခံဇာအင်္ကျီအနီရဲရဲလေးနဲ့ ချိတ်ထဘီအနီလေးက သူမလေးနဲ့ အလွန်ကြည့်ကောင်းပြီး ဖြူဖွေးဥစက်နေသည်။

      ''ကဲပါကွာ... စကားမများနဲ့ ငါတို့ နေရာယူပြီး အဆင့်သင့်လုပ်ထားကြမယ်''

စည်းခြား သူမလေးကို ငေးနေတဲ့ အဖွဲ့ကို အိမ်ရှေ့က ဒံပေါက်ဝေမဲ့နေရာကို သွားဖို့ မဲဆွယ်လိုက်သည်။ အလှူရက်ဆိုတော့လည်း အခန်းထဲဝင်နေလို့လည်း ပြောလို့မရပေ။

      ''ဟမ်.. အေး ....ဝေတော့မှာလား ''
     
သူငယ်ချင်းတွေလည်း မတ်တပ်ရပ်ပြီး  ခြံရှေ့သွားဖို့ ပြင်လိုက်ကြသည်။ပုဆိုး ပြင်ဝတ်သူနဲ့ ဖိိနပ်စီးကြသူနဲ့ အိမ်ပေါက်ဝမှာ လူတွေများနေ၏။

      ''နှောင်း အပြင်မှာ နေပူနေပြီ ၊ ပုဝါလေး ဆောင်းခဲ့ပါလား.... ''

အစ်ကိုသည် အင်္ကျီအဖြူကို ခန္ဓာကိုယ်နဲ့ ကွက်တိဝတ်ထားပြီး တံတောင်ဆစ်အထိ လက်ရှည်ကို ခေါက်ထားသည်။ ပုဆိုးနက်ပြာအကွက်စိပ်နဲ့ လိုက်ဖက်စွာ ဝတ်ထားတဲ့ အစ်ကိုသည် ယောကျာ်းပီသပြီး အများထဲ၌ ထင်းနေသည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Donde viven las historias. Descúbrelo ahora