အခန်း၂၆🙈

60.5K 729 18
                                    

(unicode)

ခြံထဲမှာ စည်းခြားသည် ကားရေဆေးနေပြီး၊ နှောင်းက ပန်းပင်လေးတွေ ရေလောင်းနေသည်။

''နှောင်း...ဟိုကလေးတွေနဲ့ ရေသွားကစားပါလား...''

ညနေ၅နာရီ ထိုးတာတောင် အုန်းလက်မဏ္ဍပ်ထဲမှာ ကဲနေကြတဲ့ ကလေးတစ်သိုက်ကို အစ်ကိုက ကြည့်လိုက်ပြီး နှောင်းကို စလိုက်သည်။

''အစ်ကိုနော်...နှောင်းကို ကလေးများထင်နေလား....''

''ဟားဟား...စတာပါကွာ....''

ထိုအချိန်အတွင် ရေပုံးထဲတွင် ရေအပြည့်ဖြည့်ပြီး လာနေတဲ့ ကလေး၄ယောက်ကို နှစ်ယောက်လုံး သတိမထားမိကြ။

''ဗွမ်းးးးးး💦💦💦💦💦...''

''ဟ....''

အစ်ကိုလည်းလန့်သွားကာ အော်လိုက်သည်။ နှောင်းခန္ဓာကိုယ်လေးသည်လည်း ရေတွေစိုရွဲသွားပြီး ကြွက်စုတ်လေး ဖြစ်သွားရသည်။

''ဟားဟား...ပျော်စရာကြီးးးးး အိမ်တွင်းပုန်းလို့ ပက်တာကွယ်.....
ဘာဖြစ်သေးလဲကွယ်.......''

ကလေးတွေက ပြိုင်တူဆိုပြီး သဘောတွေကျကာ မဏ္ဍပ်ထဲကို ပြန်ပြေးကြသည်။

''အဟွန်း....တကယ်မလွယ်တဲ့ ဟာလေးတွေ''

အစ်ကိုက ရယ်လိုက်ပြီး ကလေးတွေကို ပြောသည်။ နှောင်းလည်း ရယ်မိပြီး လက်ထဲမှာ ကိုင်ထားတဲ့ ရေပိုက်လေးနဲ့ အစ်ကို့ကို လှမ်းပက်လိုက်သည်။

'💦💦💦💦💦💦💦💦''

''သြော်..လက်စသတ်တော့ ကိုယ့်အသည်းလေးက ရေကစားချင်နေတာကိုး...ကဲ... လာပြီ..''

နှောင်းလက်ထဲမှာ ကိုင်ထားတဲ့ ရေပိုက်လေးကို လုလိုက်ပြီး တစ်ကိုယ်လုံးကို ရေနဲ့ ဖြန်းပြီး သဘောကျစွာ ရယ်နေသည်။

''အို....အစ်ကိုနော်....နှောင်းဆံပင်တွေစိုကုန်ပြီ''

''ဟားဟား...သင်္ကြန်လေကွာ...နှောင်းရဲ့
ပျော်တယ်မလား.....''

ခြံထဲ၌ လင်မယားနှစ်ယောက်တည်း သင်္ကြန်ကျနေကြသည်။ ခဏနေတော့ အစ်ကိုက ရေပိုက်ကို ထပ်ဆွဲပေးပြီး ခြံပေါက်ဝနေ ဆိုင်ကယ်တွေ၊ ရေပက်ခံ ထွက်တဲ့ လူတွေကို စောင့်ပြီးရေပိုက်နဲ့ နှစ်ယောက်အတူ ပက်ကြသည်။
ဘဝမှာ တန်းဖိုးမဖြတ်နိုင်တဲ့အမှတ်တရလေးတွေကို အစ်ကိုနဲ့အတူ ဖန်တီးခွင့်ရလို့ ပျော်ရွှင်ရသည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now