အခန်း၁၁

28.7K 705 5
                                    

(unicode)

      ''မမက လှလိုက်တာ..... ''
     
နှောင်းသည် ကော်လံပါတဲ့ ချောကလက်ရောင်တီရှပ်လက်ပြတ်လေးကို ရှမ်းခံအရောင်တူပြောင်ထဘီလေးဖြင့် တွဲဝတ်ထားပြီး  ဆံပင်လေးကို ခပ်မြင့်မြင့်လေးစီးထားသည်။ နှုတ်ခမ်းနီ ပါးပါးလေးဆိုးထားတဲ့ နှုတ်ခမ်းဖူးဖူးလေးက အသည်းယားဖွယ်။

         ''အိပုံ့လည်း ချစ်စရာကောင်းပါတယ်နော်၊ ဒါနဲ့ အခု ပြန်တော့မှာလား ''

        ''အင်းပေါ့ မမရဲ့ ၊ ကြီးမေက ခဏနေအုံး
    ဆိုလို့ ၊ သမီးက ပွဲသွားချင်နေပြီ ''

အိပုံ့ရဲ့အပြောကြောင့် နှောင်းပြုံးလိုက်သည်။ ကလေးဆိုတော့လည်း သွားချင်ပြီပေါ့။ ကိုယ်တောင် ရေမိုးချိုး ပြင်ဆင်ပြီးပြီ မဟုတ်လား။

       ''အိပုံ့ရေ.... ရော့ မုန့်ဖိုး၊ ညီမလေးတွေလည်း ဝယ်ကျွေးနော် သိလား....မနက်ဖြန်
မလာနဲ့နော်....ကြီးမေ အလုပ်ခွင့်ပေးမယ်''

       ''ဟီးဟီး.....ဟုတ်ကဲ့ပါ ကြီးမေ''

မုန့်ဖိုးလည်းရ၊ အလုပ်လည်း ပိတ်တော့ အိပုံ့အတော်ပျော်ရွှင်သွားသည်။ လက်ထဲ ပိုက်ဆံလေးစုပ်ပြီး နှုတ်ဆက်ကာ ပြန်သွားတော့သည်။

      ''သမီး ခဏနေအုံးနော်....သားရေချိုးနေလို့''

       ''ဟင်!!...အစ်ကိုရော လိုက်မှာလား
အန်တီ''

နှောင်း မျက်လုံးပြူးလေးဖြင့် မေးလိုက်သည်။အန်တီနဲ့ နှစ်ယောက်ထဲဆိုပြီး ပျော်ရွှင်နေတုန်း အစ်ကိုပါလာမည်ဆိုတော့ သူမ စိတ်ကျဥ်းကျပ်သွားရသည်။

         ''အင်းပေါ့...သမီးရဲ့ ၊ လူတွေတအားများတာ ဘေးရွာတွေကအစ လာကြည့်ကြတာလေ ''

      ''ဟုတ်လား...နှောင်းက အန်တီနဲ့လည်း သွားရဲပါတယ်...''

       ''အမလေး...သမီးကသာ သွားရဲတာ၊ သားက သူ့ညီမကို စိတ်မချဘူး...လိုက်ပို့မယ်တဲ့ ''

နှောင်းရဲ့ စိတ်ထဲကနေ ညီမလေးလို စိတ်မချတာ ဟုတ်ပါ့လိမ့်မယ် အားကြီးကြီးလို့ မဲ့ရွဲ့လိုက်သည်။

          ''ဟုတ်...ဇာတ်ပွဲက ရွာအပြင်ဘက်မှာနော် ဟုတ်တယ်မလား....အန်တီ ''

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now