ဇာတ်သိမ်းပိုင်း

45.3K 922 122
                                    

(unicode)

  ''ဟိုမှာ..ကြည့်လိုက်အုံး..အငယ်လေး...''
 
မမလှမ်းပြတဲ့ နေရာကို ကြည့်လိုက်တော့ အစ်ကိုနဲ့ သူ့သူငယ်ချင်းတွေ စကားပြောနေတဲ့နားမှာ မီးငယ်က ဘာတွေရစ်နေလဲမသိ၊ အစ်ကို့နားမှာကပ်ပြောလိုက် နှုတ်ခမ်းထော်နေလိုက်နဲ့ သူ့အဖေကို ချွဲနေသည်။    

  ''အဟင်း...ကောက်စိန်လေး လုပ်နေတာသိလား၊
  သူ့အစ်ကိုနဲ့ မကစားရဘူးဆိုလို့..''

အစ်ကို့အဖေအတွက် ရည်စူးပြီးအလှုလေးနဲ့အတူ သားလေးပါ တစ်ခါတည်း ရှင်ပြုပေးလိုက်တော့အလှူက ကြီးကျယ်ခမ်းနားသွားပြီး ဒီနေ့မှ ရေစက်ချ တရားနာပြီးရသည်။

''အသည်းယားလိုက်တာ...ဟိုမှာကြည့်အုံး..
အဖေလုပ်သူက သူ့အင်္ကျီလေးဆွဲချပေးနေရတာ အဟင်း..ဟင်း..''

မမက ရယ်ပြီးသဘောကျနေသည်။ နှောင်းနဲ့ဆင်တူ ချိတ်ထဘီလေးနဲ့ ပိုးအင်္ကျီရင်ဖုံးလေးဝတ်ထားပြီး ဗိုက်ကလေးက ပူနေတော့ ခါးလေးက လွှတ်ပြီး အစ်ကိုက သေချာဆွဲချပေးနေသည်။သားလေးက ကိုရင်လေးဖြစ်နေတော့ သူ့အဖိုးအဖွားတွေနဲ့ဘုန်းကြီးကျောင်း ခဏပါသွားတာ ဖြစ်သည်။

    ''ညကြရင်မင်းလိုက်အိပ်ပေးရမှာပေါ့...
    ဟုတ်လား..စည်း''

အောင်ဦးက ဧည့်ခံကျွေးထားတဲ့ ကျောက်ကျောတစ်ခုကောက်ဝါးရင်း မေးသည်။

''အင်းပေါ့..မင်းတို့လည်း လာခဲ့လေ ''

''အေး..လိုက်အိပ်မယ်လေ...''

သားလေးက ကိုရင်လေးဖြစ်ပြီဆိုတော့ ဘုန်းကြီးကျောင်းမှာ အိပ်ရမှာ ဖြစ်သည်။

  ''မီးမီးရော လိုက်မယ်... နော်....''

စည်းခြား ပြုံးလိုက်ကာ သမီးရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။

''မီးငယ် လိုက်ရင် မေမေက တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့ကွ...''

''ဟင်..မေမေရော ခေါ်လေ..''

အောင်ဦးနဲ့သူရက သားအဖနှစ်ယောက်ကို ပြုံးကြည့်နေပြီး သဘောကျနေကြသည်။

  ''စည်း...မင်းတော့ မင်းသမီးလေးအရွယ်ရောက်ရင် သဝန်တိုရတာနဲ့တင် ရူးမယ်သိလား..''

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now