အခန်း၁၆

29.5K 668 1
                                    

(unicode)

     နှောင်း စာမေးပွဲပြီးလို့ အေးဆေးအနားယူကာအိမ်ကို ပြန်ရတော့မယ်ဆိုပြီး ဝမ်းသာနေရာက အခုတော့ ခေါင်းကို မိုးကြိုးပစ်ချလိုက်သလို။မကြာခင် အိမ်ထောင်ပြုရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။မေမေတို့နဲ့ ဖုန်းပြောပြီးကတည်းက အိပ်ယာပေါ်တွင် မှောက်ခုံလေးအိပ်ပြီး ချုံးပွဲချ ငိုနေတာဖြစ်သည်။

''သား... သမီးလေးကို သွားချော့လိုက်ပါအုံး''

မနက်ပိုင်း သူမတို့အိမ်နဲ့ ဖုန်းပြောပြီးကတည်းက အခန်းထဲက မထွက်တော့ဘဲ ရှိုက်သံ သဲ့သဲ့ကြားနေရသည်။ ညရောက်မှ စည်းခြား အေးအေးဆေးဆေးပြောမယ် လုပ်ထားပေမဲ့ ဖုန်းပြောရင်း သိသွားတယ် ထင်သည်။

       ''တံခါးပိတ်ထားတယ် မေမေ့သမီးက....''

ဒေါ်ရတနာလည်း ချော့ချင်ပေမဲ့ အခုအချိန်မှာ ပိုပြီး အရှက်သည်းသွားမှာဆိုးလို့ သူမလည်း အခန်းအပြင်က စိတ်မကောင်းရုံက လွဲပြီး မတက်နိုင်ပေ။

      ''အိမ့်ရှေ့Tvစင်ဘေးမှာ သော့အပိုရှိတယ်...ဒါပေမဲ့ အခု မသွားနဲ့အုံး...မေမေတို့သွားမှ သားတို့ချင်း အေးဆေးညှိကြ''

မြို့က ဆိုင်ကို သွားခံနီး မေမေက မှာနေသည်။အိပုံ့ကိုလည်း နေ့လည်လောက်မှ လာခဲ့ပြောပြီး အိမ်ပြန်လွှတ်လိုက်သည်။ သူတို့အချင်းချင်း လွတ်လွတ်လပ်လပ်စကားပြောရအောင်ထင်သည်။

      ''အဲ့ဒါဆို မေမေတို့သွားမယ် ၊ ပြန်လာရင် သတင်းကောင်းကြားချင်တယ်နော် ''

မေမေက ပြုံးပြီး ပြောသွားသည်။ မေမေတို့ ထွက်သွားမှ သက်ပြင်းဖွဖွချကာ အခန်းရှေ့မှာ ရပ်လိုက်သည်။

      ''ဒေါက်....ဒေါက်.....''

နှောင်း ငိုနေရာမှ တံခါးခေါက်သံကြောင့် အစ်ကိုဆိုတာ သိလိုက်သည်။ နှုတ်ခမ်းလေးကို အသာဖိကိုက်လိုက်ပြီး အသံမပေးဘဲ ငြိမ်နေလိုက်သည်။

  ''နှောင်း...တံခါးဖွင့်ပါအုံး...စကားပြောရအောင်''

    ''အစ်ကိုနဲ့ ပြောစရာစကားမရှိဘူး....''

စည်းခြား ဘယ်လိုပြောပြော တံခါးမဖွင့်ပေးဘူးဆိုတာ သေချာသလောက် ရှိနေတော့ လက်ထဲမှာကိုင်လာတဲ့ သော့လေးနဲ့ တံခါးကို ဖွင့်လိုက်သည်။အိမ်ဆောက်တုန်းက ဂျက်တံခါးတွေ မလုပ်ဘဲ lockနဲ့ လုပ်ထားလို့ စိတ်ထဲကနေ အဖေ့ကို ကျေးဇူးတင်လိုက်သည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now