အခန်း၂၂

30.4K 643 15
                                    

(unicode)

     အချိန်သည် မနက်၅နာရီသာ ရှိသေးသည်။ အိမ်ပေါ်၌ ညအိပ်လာတဲ့သူတွေရော ရန်ကုန်က  ဧည်သည်တွေပါ ပြင်ဆင်နေကြသည်။မဏ္ဍပ်ထဲက ဘောက်နဲ့ ဖွင့်တဲ့ ''သူငယ်ချင်းတို့ မင်္ဂလာပွဲ'' သီချင်းက မြိုင်လှသည်။

  🎼🎼 🎼သူငယ်ချင်းတို့ မင်္ဂလာပွဲဟာ ဂုဏ်ယူလောက်ပါပေတယ်...အပေါင်းအသင်းများစွာ မိတ်ဆုံပြန်လည် ပေါင်းစည်းမိတဲ့ အထိမ်းမှတ်လို.. အောင်ပွဲခြိမ့်သဲ သိမ့်သိမ့်မစဲတယ်.......🎼🎼🎼🎼🎼
   နှစ်ဖက်သော အသိုင်းအဝိုင်းအပေါင်းသင်းများရယ်.. ဧည့်ဆောင်ခန်းမ ဘုံအလယ် ရွှေလမင်းလို ဝင်းပပ.. မင်းတို့မျက်နှာ ကျက်သရေ တင့်လှတယ်........။
  
    စည်းခြား ကိုယ်ရှေ့က သတို့သမီးလေးကို     ကြည့်ပြီး ရင်တွေ တသိမ့်သိမ့်ခုန်နေရသည်။သဇင်ပန်းတွေအပြည့်ပန်ထားပြီး ဖြူအုနေတဲ့ သတို့သမီးလေးကို မာမီတွေက အလှဆုံး ပြင်ပေးနေကြသည်။

       ''အမလေး..သတို့သားရေ အသက်ရူပါအုံးဟယ်...တယ်ကတည်း...''
      
မာမီတွေက နှောင်းကို ပြင်နေရာမှ မျက်စောင်းထိုးပြီး ပြောလိုက်သည်။

''အစ်ကို ရေချိုးပြီးရင် အဝတ်အစားလဲတော့လေ''
      
         ''ဟုတ်ပ...ကိုသတို့သား...ဒီမှာပြီးတော့မယ် အင်္ကျီလဲဖို့ ပြင်ရမယ်...''
        
မာမီထဲက တစ်ယောက်သည် အင်္ကျီဗူးထဲက သတို့သားဝတ်စုံ ထုတ်ပြီး အစ်ကို ဝတ်ဖို့ပြင်ပေးသည်။

     ''ရတယ်..ရတယ်. ကျွန်တော်ဘာသာ လဲမယ်''
    
နှောင်း ပြုံးလိုက်သည်။အစ်ကိုက မာမီတွေထိတာ မကြိုက်သလို သူ့ဘာသာ ဗီရိုအကွယ်မှာ ပုဆိုးသွားလဲနေသည်။

     ''ဟွန်း..ညည်းသတို့သားကလည်း.. ရှက်နေတာက....ချစ်စရာသိလား....''     

     ''အဟွန်း..ပြီးမှ နှောင်း ဝိုင်းကူပေးလိုက်မယ် မာမီ...''

နှောင်းသည် အရင်ကတည်းက အသားအရေလှသူမို့ အလှပြင်ပြီးတာနဲ့ ရုပ်ကလေးသည် လှပနုထွတ်နေသည်။ ဆံထုံးဘေးတွင် သဇင်ပန်းတွေကလည်း ပဏာသင့်စွာ ကြည့်ကောင်းလှသည်။

    ''ကဲ အကုန်ပြီးပြီ... လှလိုက်တာ ငါတို့ရဲ့ သတို့သမီးလေးက ''

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now