အခန်း၂၃🙈🙈

70K 740 13
                                    

(unicode)

      နှောင်း နာရီကို ကြည့်လိုက်တော့ ညနေ၆နာရီခွဲပြီ ဖြစ်သည်။  အစ်ကိုက ပြန်ရောက်လာပြီး ရေချိုးနေတာ ဖြစ်သည်။ အိပုံ့လည်း ပြန်သွားတော့ တစ်အိမ်လုံး တိတ်ဆိတ်ပြီး Tvက လွင့်နေတဲ့ သင်္ကြန်အစီအစဥ်ကို ကြည့်နေလိုက်သည်။

     ''နှောင်း...အစ်ကို ပြီးပြီ.. ထမင်းစားမလား''

အစ်ကိုသည် မျက်လုံးများနီနေပြီး ဘီယာသောက်လာပုံရသည်။တီရှပ်အနက်ရောင်ကို ပုဆိုးကွက်စိပ်နဲ့ တွဲဝတ်ထားပြီး နှောင်းရဲ့ အနားကို လျှောက်လာသည်။

    ''ဟုတ် စားမယ်လေ..နှောင်းက သိပ်တောင်
    မဆာဘူး..''

     ''မဆာလည်း  အားရှိအောင် စားရမယ် အသည်းရဲ့...''
    
       ''အစ်ကိုနော်...''
      
နှောင်းနဲ့ အစ်ကို ကြည်ကြည်နူးနူး ထမင်းစားကြပြီး  Tvခဏ ကြည့်နေလိုက်သည်။

     ''နှောင်း....''

အစ်ကိုသည် စီးကရက်သောက်နေပြီး အသီးစားနေတဲ့ နှောင်းကို ရီဝေစွာ ကြည့်ပြီးခေါ်လိုက်သည်။

      ''အင်း...အသီးစားမလို့လား..''

လက်ထဲမှာ ကိုင်ထားတဲ့အသီးပန်းကန်လေးကို အစ်ကို့ဘက် လှည့်ပြရင်း မေးလိုက်သည်။

     ''၈နာရီထိုးနေပြီ...အစ်ကိုတို့အိပ်ကြမလား..''

နှောင်းမှာ လက်ရှိအဖြစ်ကို သတိရသွားပြီး ငိုချင်သွားရသည်။ ညနေက ဆေးသောက်ထားပြီး ဘာမှ ဖြစ်မလာစေပါနဲ့ ဆုတောင်းနေရသည်။

    ''အဟင်း...အစ်ကို မူးနေတာလား..အဲ့ဒါဆို
    သွားအိပ်လေ...နှောင်း ဇာတ်ကားကြည့်မလို့''

မင်္ဂလာဦးညဆိုတာ မသိတာလား၊ မေ့နေတာလား မသိတဲ့ ဇနီးအသစ်စက်စက်လေးကို ကြည့်ပြီး စည်းခြား သက်ပြင်းချလိုက်သည်။

      ''အစ်ကို တစ်နေ့လုံး ဧည့်ခံနေရတာလေ..
      ညနေကလည်း ဟိုကောင်တွေကို ဧည့်ခံနေရတာ.... အဲ့ဒါ ခေါင်းနည်းနည်းထိုးလို့ နှောင်းနှိပ်ပေးပါလား ''

စည်းခြား ဒီလိုမှ မညာရင် အခန်းထဲ ဝင်ရမည်မထင်ပါ။အဲ့ဒါကြောင့် မုသာဝါဒသုံးလိုက်ပြီး ခေါင်းကိုက်ချင်ယောင် ဆောင်လိုက်သည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now