အခန်း၁၂

29.3K 674 3
                                    

(unicode)

      နှောင်း ဒီနေ့ အိပုံ့မလာတဲ့အတွက် အန်တီနဲ့ ဝိုင်းကူနေလိုက်သည်။ အကုန်ချက်ပြုတ်ပြီးတော့  အန်တီနဲ့ အန်ကယ်က ဘုန်းကြီးကျောင်းကို ထွက်သွားကြသည်။သူမလည်း ရေချိုး ခေါင်းလျှော်နေလိုက်သည်။

       ''''📞📞📞📞''

ရေချိုးပြီး ဆံပင်ပါလျှော်ထားတော့ လေမှုတ်စက်ဖြင့် ဆံပင်ကို မှုတ်ပြီး ခေါင်းဖြီးနေတုန်း ဖုန်းမြည်သံကြောင့် ကိုင်လိုက်သည်။

          ''ဟဲလို...... မေမေ ''

          ''...................''

         ''ဟုတ်ကဲ့....မေမေ ၊ နောက်ထပ် ၂ပတ်လောက်ဘဲ လိုတော့တယ် ''

          ''..................''

          ''အဟင်း....သမီးလည်း သတိရနေပါပြီ မေမေရဲ့...''

           ''.....................''

          ''ဟုတ်ကဲ့....''
         
နှောင်း မေမေနဲ့ ဖုန်းပြောပြီးတယ်ဆို သနပ်ခါးလူးလိုက်ပြီး ပါးကွက်လေး ကွက်လိုက်သည်။ဆံပင်တွေကို အသာဖြန့်ချထားလိုက်ပြီး တီရှပ်ပန်းနုရောင်လေးကို ထဘီအနက်လေးဖြင့် တွဲဝတ်ထားလိုက်သည်။ အကုန်ပြီးစီးတော့မှ အိမ်ရှေ့ထွက်လာပြီး ပျင်းတာနဲ့ မဂ္ဂဇင်းစာအုပ်ဖတ်နေလိုက်သည်။

          ''ဟိတ်....ပျင်းနေပြီလား..''
         
အပြင်က ပြန်လာတဲ့ အစ်ကိုသည် နှောင်းကို မေးလိုက်သည်။ မနက်စောစော ရေချိုးပြီးတည်းက ထွက်သွားတဲ့ အစ်ကိုသည် အခုမှ ပြန်လာတဲ့ပုံဖြစ်သည်။      

        ''အဟင်း....မပျင်းပါဘူး အစ်ကိုက
        ဘယ်သွားနေတာလဲ ''
       
နှောင်း လက်ထဲမှာ ကိုင်ထားတဲ့ မဂ္ဂဇင်းစာအုပ်လေးကို ပိတ်ပြီးမေးလိုက်သည်။

      ''ကိုယ်လား....သူငယ်ချင်းအိမ်လေ.. ''
     
      ''သြော်....''
     
စည်းခြား ဆိုင်ကယ်သော့ သွားသိမ်းလိုက်ပြီး မေမေတို့ကို အသာလိုက်ကြည့်လိုက်သည်။ 

        ''ဒါနဲ့....နှောင်း မေမေတို့ ဘယ်သွားလဲ ''

       ''ဘုန်းကြီးကျောင်းကို နှစ်ယောက်လုံးသွားတယ်၊ အစ်ကို ထမင်းစားတော့မလို့လား ''

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now