အခန်း၁၅

30.7K 681 2
                                    

(unicode)

      ဒီနေ့သည် စာမေးပွဲဖြေတဲ့ ပထမဆုံးရက်ဖြစ်ပြီး နှောင်းက မနက်ပိုင်း တာဝန်ကျသည်။ အဲ့ဒါကြောင့် မနက်စောစောထပြီး ၈နာရီဆိုတာနဲ့ သူမ ကျောင်းကို သွားရသည်။

      ''နှောင်း.....မုန့်ရော စားလာရဲ့လား''

ကျောင်းသွားဖို့ အဆင်သင့် ဖြစ်နေတဲ့ နှောင်းကို အစ်ကိုက မေးလိုက်သည်။

       ''စားပြီးပြီ အစ်ကိုရဲ့...မနက်၁၁နာရီဆို နှောင်းအချိန်က ပြီးပြီလေ ''

     ''အင်း...အစ်ကို လာကြိုရမလား..''

    ''ဟုတ် ''

စာမေးပွဲရက်ဆိုတော့ အတူပြန်သည့်ဆရာမနဲ့က အချိန်စရင်းမတူတော့ သူမတစ်ယောက်တည်း ဖြစ်နေရသည်။ အဲ့ဒါကြောင့် အစ်ကိုလာကြိုမှာကို သဘောတူလိုက်သည်။

     ''အဲ့ဒါဆို... ပြီးရင် miss callပေးလိုက် ''

     ''အင်း...အစ်ကို ''

နှောင်း ကျောင်းရှေ့ရောက်တယ်ဆို အထဲဝင်လာလိုက်သည်။ စာမေးပွဲရက်ဆိုတော့ မေးခွန်းကိစ္စတွေနဲ့ အရေးကြီးသောကြောင့် ဖြစ်သည်။

   စည်းခြား ဆိုင်ကယ်ပြန်လှည့်လိုက်ပြီး စောသေးတာနဲ့ လက်ဖက်ရည်ဆိုင်ဝင်ခဲ့သည်။

     ''အားကျတယ်ကွာ......''

     ''ဟ....ဘာလဲကွ.... ''

စည်းခြား ဖင်တောင်မထိုင်ရသေးဘဲ အောင်ဦးစကားကြောင့် ပြုံးလိုက်သည်။

     ''အလုပ်ကို ရနေတာနော်....ဘယ်လိုလဲ ကျောင်းတွေလည်းပိတ်တော့မယ်၊ မင်း ဖွင့်ပြောလိုက်လေ ''
    
  ''မင်းတို့ဘာသာ ရည်းစားထားကြစမ်းပါ
  ငါ့ကိုမပူနဲ့ ''

နှောင်းကို ဆိုင်ကယ်နဲ့ လိုက်ပို့တာမြင်ပြီး စ
နေကြတာဖြစ်သည်။ဘာပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေလည်း သူ မပြောပြချင်သေးပေ။ ဒီကောင်တွေက မောင်းထက် ဆိုးတဲ့ကောင်တွေဖြစ်သည်။

    ''သူများနောက် ပါသွားမှ မင်းမငိုနဲ့.....''

     ''ငိုစရာလားကွ....မင်းတို့ကလည်း...''

သူနဲ့ နှောင်းအကြောင်းကို မသိဘဲ မချင့်မရဲ ဖြစ်နေကြသည်။ သူငယ်ချင်းတွေဆိုပြီး ပြောပြလိုက်ရင်လည်း တစ်ရွာလုံး ကလေးမကျန် မောင်းထုမှာ ကျိန်းသေ ဖြစ်သည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now