အခန်း၄၄

18.1K 509 6
                                    

(unicode)

    ထမင်းစားခန်ထဲတွင် အိပုံ့သုတ်ပေးနေသော မက်မန်းသီးကို နှောင်းမှာ ပါးစပ်လေး သပ်လျှက်စောင့်နေရသည်။

    ''အိပုံ့...ငရုတ်သီးမှုန့်လေး နည်းနည်းထပ်ထည့်လိုက်ပါလား...''

  ''ဟုတ်ကဲ့..ခဏနော် မမ''

မက်မန်းသီးရဲရဲလေးတွေကို ဓားနဲ့ပြန်လှီးကာ ငံပြာရည်၊ပုစွန်ခြောက်မှုန့်ထည့်ကာ ငရုတ်သီးမှုန့်လေးနဲ့ဆိုတော့ စားချင်စဖွယ်ဖြစ်နေသည်။ပန်းကန်းလုံးအဖြူလေးထဲ၌ မပြည့်တပြည့်ရှိပြီးအိပုံ့က နှံ့စပ်အောင် ဇွန်းနဲ့သေချာထပ်မွှေနေသည်။

  ''အဟင်း...ရပြီ...မမ ''

အိပုံ့လာချပေးသော မက်မန်းသီသုပ်လေးကို ပါးစပ်ထဲ ထည့်လိုက်ရင်း နှောင်းမှာ အတော်ကြိုက်နေရသည်။ နေ့လည်ခင်းဖြစ်လို့ အိမ်မှာ အစ်ကိုအပါအဝင် မေမေတို့ပါ မရှိတော့ နှောင်းစိတ်ကြိုက်ဖြစ်နေသည်။

     ''ကောင်းလိုက်တာ...အိပုံ့ရယ်..''

အိပုံ့မှာလည်း ကျွေးသာကျွေးနေရတာ ခပ်
လန့်လန့်ဖြစ်ရသည်။ ဟိုရက်က ဇီးထုပ်တွေ သုတ်ကျွေးလို့ သူ့မှာ အဆူခံရပြီးပြီ ဖြစ်သည်။ မမကလည်း မျက်နှာငယ်လေးနဲ့ လာပူဆာတော့ မငြင်းနိုင်ပေ။

  ''မမ အရမ်းမစားနဲ့အုံးနော်...တော်ကြာဗိုက်မကောင်းဖြစ်မယ်...''

နှောင်းမှာ အခုချိန်ထိ လက်ထဲက ဇွန်းမချရသေးဘဲ အိပုံ့ကို ခေါင်းလေးငြိမ့်ပြလိုက်သည်။

  ''အင်းပါ...အိပုံ့ရဲ့ ၊ နင့်အစ်ကိုကြီး ဆိုင်ကယ်သံကိုသာ နားစွင့်ထား ....မမက ကိုယ့်ဘာသာချိန်ပြီး စားလိုက်မယ်..''

အစ်ကိုသာ ဒီလိုစားနေတာကို မြင်ရင် ဘယ်လောက်တောင် နှောင်းကို ဆူမလဲမသိပေ။ အခုတလော နှောင်းမှာ ထမင်းဆိုလည်း မစားချင်ဖြစ်နေပြီး အသီးတွေနဲ့ ဒီလိုချဥ်ချဥ်စပ်စပ်တွေကိုသာ စားချင်နေတော့လည်း ခက်သား။အဲ့ဒါကြောင့်အခု အစ်ကို့အရှေ့ပိုင်းခဏထွက်သွားတုန်း နှောင်း ခိုးစားနေတာဖြစ်သည်။

   ''ဝူး...ဝူး.. ဝရော.....''
  
ခြံထဲဝင်လာတဲ့ ဆိုင်ကယ်အသံကြောင့် အိပုံ့သည် ဝုန်းခနဲ ထရပ်ကာ မက်မန်းသီးပန်းကန်ကို အမြန်ယူဖွက်သည်။ နှောင်းမှာလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ပါးစပ်ထဲက မက်မန်းသီးလေးတွေကို အမြန်မြိုချပြီး ရေအမြန်သောက်လိုက်သည်။    

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now