အခန်း၄၀

21.7K 536 18
                                    

(unicode)

    ''တင်...တင်....''

နိုးစက်သံမြည်နေပေမဲ့ ခုတင်ပေါ်တွင် နှစ်ယောက်သား အိပ်မောကျနေတုန်းဖြစ်သည်။ စည်းခြားသည် နှောင်းရဲ့ ကိုယ်လုံးကို ဖက်ကာ ခြေထောက်များနဲ့ပါ ခွထားပြီး လုံးဝမနိုးသေးပေ။

''တင်....တင်....''

နှောင်းသည် အသံတစ်ခုကြောင့် မျက်လုံးများပွင့်လာရသည်။ခန္ဓာကိုယ်ကို လှုပ်ကြည့်တော့လည်း တင်းကျပ်စွာ ဖက်ထားတဲ့ အစ်ကိုကြောင့် အသာလှုပ်နှိုးလိုက်ရသည်။

  ''အစ်ကို...အစ်ကို....''

''ဟင်...အသည်း....''
 
နှောင်းရဲ့ အသံလေးကြောင့် သူ နိုးသွားရသည်။
သူမလေးကို ဖက်ထားတဲ့ သူ့လက်တွေကို ဖယ်ပြီး ဖုန်းထဲက နှိုးစက်သံကိုကြားပြီ ထပိတ်လိုက်သည်။

   ''ကဲ...ဆိုင်ကယ်စီးမယ်ဆို...ထတော့နော်..အသည်း''

အိပ်ယာထဲမှာ ကွေးကွေးလေးအိပ်နေတဲ့ နှောင်းကို စည်းခြားနိုးလိုက်သည်။၁၂လပိုင်းရောက်နေပြီမို့ မနက်ခင်းဆို လေတဖြူးဖြူးနဲ့ အချမ်းဓာတ်လေးအနည်းငယ်ရှိကာ ဆောင်းဦးရဲ့ အရသာကိုခံစားဖို့ အကောင်းဆုံးဖြစ်သည်။

''အင်း...၅မိနစ်ဘဲ...ခဏ...''

နှောင်းသည် မျက်လုံးလည်းမဖွင့်နိုင်ဘဲ အိပ်ချင်မူးတူးနဲ့ အစ်ကို့ကို ပြောရသည်။ စိတ်က စီးချင်ပေမဲ့ လူက မထနိုင်ဖြစ်နေရသည်။ ကလေးရူး ရူးနေတဲ့အစ်ကိုဟာ ညတိုင်းကြိုးစားတော့ နှောင်းမှာ အမြဲအိပ်ယာထ နောက်ကျရသည်။ ဆေးဖြတ်ထားတာ ၂လကျော်ရှိပေမဲ့ မရသေးလို့ မမကို မေးကြည့်တော့လည်း ဆေးအရှိန်မပြယ်သေးလို့ပါတဲ့...ကြာရင် လူလည်းအရိုးဘဲရှိတော့မယ်ဆိုသလို အစ်ကိုရဲ့ အချစ်တွေအောက်မှာ နှောင်းသည် မသက်သာလှပါ။

  ''၅နာရီခွဲပြီ...အသည်းရဲ့..တော်ကြာနေအရမ်းပူလာရင် စီးလို့မကောင်းဘူး...''
 
ခေါင်းအုံးပေါ်မှာ မျက်နှာလေးစောင်းနေတော့ နှောင်းရဲ့ ပါးဖောင်းဖောင်းလေဟာ မို့တက်ပြီး ချစ်စရာလေးဖြစ်နေသည်။ သူ အသာငုံ့နမ်းလိုက်ပြီး အခန်းထဲက air.con ကို ပိတ်လိုက်သည်။

   ''လိမ္မာတယ်....ထတော့နော်..မိန်းမ ''
  
စည်းခြား နှိုးထားလိုက်ပြီး သူမျက်နှာသစ်သွားတိုက်လိုက်သည်။ မနက်စောစောမို့ အနည်းငယ်အမှောင်ရိပ်သမ်းနေပေမဲ့ လူလုံးတော့ ကွဲနေပြီဖြစ်သည်။ သူ ရေအိမ်ခဏဝင်ပြီး အခန်းထဲ ပြန်ရောက်တော့ နှောင်းက အိပ်မှုံစုံဖွားလေးနဲ့ မှန်တင်ခုံရှေ့မှာ မတ်တပ်ရပ်နေသည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now