အခန်း၃၈🖤

41.4K 605 16
                                    

(unicode)

     သီတင်းလည်း မကြာခင်ကျွတ်တော့မှာဖြစ်လို့ ရာသီဥတုကမိုးမရှိတော့ဘဲ သာသာယာယာရှိသည်။ညနေ၅နာရီရှိနေပေမဲ့ နေမဝင်သေးဘဲ ကောင်းကင်မှာလည်း ငှက်ကလေးတွေ ပျံသန်းနေပြီး ညနေခင်းက လှပနေသည်။

   ''အိပုံ့...ဒီပန်းအိုးတွေဘက်ကပ်လိုက်နော်....''

   ''ဟုတ်ကဲ့...မမ ''

ခြံထဲတွင် အိပုံ့နဲ့အတူ ပန်းအိုးတွေနားမှာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတာ နှောင်းဖြစ်သည်။

   ''နှင်းဆီတွေက ပွင့်တော့မယ်နော်...မမ
   အရမ်းလှတာဘဲ....''

   ''အင်း...ဒီအိုးလေးက အရင်ပွင့်မှာထင်တယ်..''

အိပုံ့က အိုးတွေသေချာကပ်ပေးနေရင်း နှောင်းကို မေးလိုက်ပြောလိုက်လုပ်နေသည်။

    ''တီ.....တီ..  ''

ခြံထဲကားဝင်လာတာ တွေ့လို့ နှောင်းသွားကြိုလိုက်သည်။အစ်ကိုက အင်္ကျီခဲရောင်လက်ရှည်ကို လက်ကောက်ဝတ်နားမှာ အနည်းငယ်ခေါက်ထားပြီး ပုဆိုးအနက်ဖြင့် တွဲဝတ်ကာ ကြည့်ကောင်းနေသည်။ကားပေါ်က ဆင်းလာပေမဲ့ ဘာတွေယူနေလဲမသိ နောက်ခန်းထဲကို ခေါင်းဝင်ပြီး ကုန်းနေသည်။

       ''အစ်ကို....ဘာတွေလဲ......''

နှောင်းအနားမှာ သွားရပ်ရင်း မေးလိုက်သည်။လက်ထဲမှာ အသီးထုပ်တွေလည်းပါကာ တခြားအိတ်၃လုံးလည်း ပါသေးသည်။

   ''မီးပုံးတွေ  အသည်းရဲ့၊ အလှဖယောင်းတိုင်လေးတွေရော...''

   ''ဟင်..ဟုတ်လား....''

ကလေးလေးတစ်ယောက်လို ပျော်ရွှင်သွားတဲ့ သူမလေးသည် အပြုံးလေးနဲ့ ပြောရင်း လက်ထဲက အထုပ်တွေကူသယ်ပေးဖို့ တောင်းသည်။

   ''ရတယ်...နှောင်းရဲ့...ကိုယ်ဘဲ သယ်ခဲ့မယ်..''

အနက်ရောင်အပွင့်အသေးလေးတွေပါတဲ့ ဂါဝန်လက်ပြတ်လေး ဝတ်ထားတဲ့ နှောင်းကို သူပုခုံးက ဖက်ပြီး လက်တစ်ဖက်က အထုပ်တွေ ဆွဲပြီး အိမ်ထဲဝင်ခဲ့သည်။

    ''ဟယ်.. ချစ်စရာလေးတွေ... သဘောကျလိုက်တာ.. အဟင်း....''

ရောင်စုံမီးပုံလေးတွေ ကိုင်ကြည့်နေရင်း နှောင်း သဘောကျနေသည်။ဖယောင်းတိုင်လေးတွေကလည်း အရောင်စုံပြီး တချို့ဟာလေးတွေက အသည်းပုံ ပုံစံလေးတွေလည်း ပါသည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now