အခန်း၂၁

27.1K 638 31
                                    

(unicode)

    ဒီနေ့သည် မြန်မာလူမျိုးတို့၏ ဓလေ့တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ရက်ရဲ့ အကြိုနေ့ဖြစ်သည်။
  ''သာစည်ရွာ''သည် ရွာကြီးတော့ နှစ်တိုင်း အထူးစည်းကားသည်။ သင်္ကြန်သီချင်းတွေကလည်း ဆူညံပြီး လူတိုင်းရဲ့ ရင်ကို အပျော်တွေကူးစက်သည်။

''ဟဲ့ မိစု....အစ်ကိုစည်းခြား မင်္ဂလာဆောင်က လေ ....မနက်မှကို ဒီနေ့ကတည်းက လူတွေဆိုတာ စည်လိုက်တာဟာ ''

အရှေ့ပိုင်းက ပြန်လာတဲ့ နွယ်ဇင်က ပြောပြနေသည်။ သူမလည်း တွေ့ပါသည်၊ ကားအကောင်းစားကြီးတွေ တစ်စီးပြီး တစ်စီး အရှေ့ဘက်ကို မောင်းသွားကြတာ... အားကျလိုက်တဲ့ဖြစ်ခြင်း။

    ''ဟုတ်လား...အသိုင်းအဝိုင်းလည်း ကြီးတော့ စည်မှာပေါ့ ၊ သူများတွေများ မိုက်လိုက်တာနော်..''

  ''ဟုတ်ပါ့ဟယ်...ဆရာမလေးကလည်း ချောလိုက်တာ၊ အစ်ကိုစည်းခြားနဲ့ အတော်လိုက်တာဟ''

    ''အဟင်း...ဒါနဲ့ မနက်ဖြန် နင်တို့အိမ်က ဘယ်သူသွားမှာလဲ ''

မိစု မင်္ဂလာဆောင်သွားပြီး စပ်စုချင်လို့ နွယ်ဇင်ကို အဖော်စပ်ရန်ဖြစ်သည်။

      ''အဖေတို့ပေါ့ဟ....ဒါပေမဲ့ မနက်ဖြန်ငါက သွားကြည့်မှာ သိလား...videoရိုက်သမားတွေရော၊မဏ္ဍပ်ကြီးကလည်း ဟီးနေတာဘဲ ပြင်ဆင်နေကြတုန်း ''

မိစုမှာ သရေတောင်ကျချင်လာရသည်။ မသိဘူး..မနက်ဖြန်ဘာကိစ္စတွေရှိရှိ သွားကြည့်မယ်ဟု သူမ စိတ်ကူးလိုက်သည်။

     ''အငယ်လေး...ဟိုမှာ နင့်ယောကျာ်းခေါ်နေတယ်''

နှောင်း ဖိတ်စာထုတ်တွေ ယူနေရာမှ မမရဲ့
ပြောသံကြောင့် မျက်လုံးလေး ပြူးသွားရသည်။ တော်သေးတယ် မဏ္ဍပ်ထဲက သီချင်းတွေ ဖွင့်ထားလို့ဖြစ်သည်။

    ''အစ်ကိုလား...မမ ''

နှောင်း လိုက်ကြည့်လိုက်တော့ ကားဘေးမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့ အစ်ကိုသည် လက်နဲ့ လှမ်းပြတာ တွေ့လိုက်သည်။အင်္ကျီအဖြူရောင်နဲ့ ပိုးပုဆိုးအပြာကွက်စိပ်ဝတ်ထားတဲ့ အစ်ကိုသည် ဒီနေ့အတော်ကြည့်ကောင်းသည်။ မနေ့က ဆံပင်ညှပ်ထားတော့ ဆံပင်တိုတိုရှင်းရှင်းဖြင့် ဆံပင်ဘေးဘက်တွေက စိမ်းဖန့်နေသည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now