(unicode)
မနက်အိပ်ယာနိုးကတည်းက နှောင်းသည် သူ့ကိုအကပ်မခံပေ။ ညက အတင်းနမ်းခဲ့တာကိုဘဲ စိတ်ကောက်နေလားမသိ၊ တွေ့လိုက်တာနဲ့ မျက်စောင်းလေးထိုးသွားပြီး အကြည့်လွဲလိုက်တာ ဖြစ်သည်။မနက်က ဆိုင်ကယ်ပေါ်မှာလည်း စကားမပြော ၊ ကိုယ့်မှာသာ ငေါင်းစင်းစင်းနဲ့ နေမထိထိုင်မသာ ဖြစ်နေရသည်။
''မမက ဒီလိုလေးဝတ်ထားတာ တအားချစ်စရာကောင်းတာဘဲနော်...သဘောကျလိုက်တာ..''
''ဟုတ်လို့လား...အိပုံ့ရဲ့...အဟင်...ဟင်း..''
ကိုယ်နဲ့သာ စကားမပြောတာ သူများတွေနဲ့ကြ အဆင်ကိုချောလို့ ဖြစ်နေသည်။ လှမ်းကြည့်လိုက်တော့ အပေါ်က အဝါရောင်လက်ရှည်လေးကို ဂျင်းစကတ်ဒူးအတိလေးနဲ့ တွဲဝတ်ထားပြီး ဆံပင်လေးကို ဘီးကုပ်နဲ့ ကုပ်ထားသည်။
''အဟမ်း...နှောင်း..အစ်ကို့ကို ရေခပ်ပေးပါလား..''
နှောင်းသည် နှုတ်ခမ်းလေး အသာဖိကိုက်ပြီး အိမ်ရှေ့က လှမ်းအော်တဲ့ အစ်ကို့ကို မမြင်ရပေမဲ့ မျက်စောင်းထိုးလိုက်သည်။ တမင်တကာ အမြင်ကပ်လို့ကို မခေါ်တာဖြစ်သည်။ အိမ်ထောင်သက်ကြာလာတော့ ဘာတွေအတက်ကောင်း တက်နေမှန်းမသိ အဲ့ဒီလိုပြုမူတာ အရမ်းရှက်မိသည်။ ဒီကိစ္စက သဘာဝလို့ ပြောပေမဲ့ အဲ့လိုကြီး နမ်းတာတော့ လက်မခံချင်ပါ၊ အစ်ကိုရဲ့ နီမြန်းသော နှုတ်ခမ်းအစုံကို သူမ စေ့စေ့တောင်မကြည့်ရဲ ဖြစ်နေရသည်။
''ရော့..ဒီမှာထားခဲ့မယ်...''
ဆံပင်တွေကို ဝေ့ခနဲဖြစ်သွားအောင် လှည့်ထွက်သွားတဲ့ နှောင်းရဲ့ လက်ကို သူအမိအရ လှမ်းဆွဲထားလိုက်သည်။
''အစ်ကို့ကို စိတ်ကောက်နေတာလား.. .. ဟုတ်လား အသည်း...အစ်ကိုဘာအပြစ်လုပ်လို့လဲ...''
မည်းနက်နေသော မျက်တောင်ရှည်ကြီးတွေနဲ့ မျက်စောင်းထိုးနေပြီး နှုတ်ခမ်းဖူးဖူးလေးတွေကိုပါ ထော်ပြီး တိုးတိုးလေး ပွစိပွစိပြောနေတဲ့ သူမလေးသည် အတော်ကို မကျေနပ်နေတာသိသာလှသည်။
''ပြောပါအုံး....နှောင်းရဲ့...အစ်ကို့ကို မချစ်တော့ဘူးလား..''
YOU ARE READING
မိုးယံမှသည် ချစ်သူဆီသို့(completed)
Romanceတစ်ရွာလုံးရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အစ်ကိုနဲ့ မြို့က ဆရာမလေး..... တစ်အိမ်ထဲနေရာမှ ချစ်ကြိုက်မိသွားတဲ့ သူတို့နှစ်ဦး။