အခန်း၄၁

21.1K 546 12
                                    

(unicode)

    ရေအိမ်ထဲမှာ နှောင်းခွက်လေးထဲ ရှုးအနည်းငယ်ပေါက်ကာ ထည့်လိုက်ပြီး ဆီးစစ်တံလေးကို နှစ်လိုက်သည်။

  ''ဒေါက်...ဒေါက်...မိန်းမ မရသေးဘူးလား..''

စည်းခြားအပြင်ကနေ ရင်ခုန်စိတ်လှုပ်ရှားနေသည်။ ကိုယ်လက်စ ကိုယ်ယုံပေမဲ့ ရင်တုန်နေရသည်။

  နှောင်း လက်ထဲက ဆီးစစ်တံလေးကို ကိုင်ပြီး လက်တွေတုန်လာရသည်။ မေမေပြောလိုက်တာက ၂ကြောင်းထင်းနေရင် ရှိနေပြီ သမီးတဲ့။ အခုဆီးစစ်တံမှာ ရဲနေအောင်ပေါ်တဲ့ အနီးအကြောင်းလေး ၂ကြောင်း ။

      ''ကျွီ...'' 

အိမ်သာထဲက ထွက်လာပြီး သူ့ကိုမော့ကြည့်လိုက်တဲ့ နှောင်းဟာ မျက်လုံးများတွင် မျက်ရည်များရစ်ဝဲပြီး ရင်ခွင်ထဲ တိုးဝင်သည်။ သူအသာထွေးဖက်လိုက်ပြီး မရှိဘူးဆိုတာသိလိုက်သည်။

  ''တိတ်ပါအသည်းရယ်...ကိုယ်တို့နေ့တိုင်းပြန်ကြိုးစားကြတာပေါ့၊ နော်....မငိုနဲ့...''

နှောင်းမှာ ဝမ်းသာလွန်းလို့ မျက်ရည်ကျတာကို အစ်ကိုက ထင်ချင်ရာထင်ပြီး နှစ်သိမ့်ပေးနေသည်။

  ''အစ်ကိုက ဘာတွေပြောနေတာလဲ...''

စည်းခြား ရင်ခွင်ထဲက မျက်နှာလေးကို အသာငုံ့နမ်းကာ သေချာကြည့်လိုက်ပြီး...။

  ''အခုမရှိဘူးဆိုတော့.. ကြိုးစားမယ်လို့..
အဟွန်း....နှောင်းလည်း ခုတင်ပေါ်က ဆင်းရမယ်မထင်နဲ့''

နှောင်းသည် အစ်ကိုရဲ့ ရင်ဘက်ကို ခပ်ဖွဖွ ရိုက်ပြီး ရှက်ဝဲဝဲလေးနဲ့ မော့ကြည့်ကာ...။

''အဟွန်း...တော်တော်တုံးတဲ့သူကြီး.......
ဒီမှာကြည့်''

စည်းခြား လက်ထဲက အချောင်းလေးကို သေချာကြည့်ရင်း တဖြည်းဖြည်းပြုံးလာရသည်။ မေမေပြောတာကို သူလည်း ကြားတော့ ၂ကြောင်းပေါ်ရင် ရှိတယ်ဆိုတာ သိသည်။

   ''ဟာ...တကယ်ဟ..... အား...ငါလူဖြစ်ပြီကွ
   ဟားဟား....ကျေးဇူးပါ အသည်းရယ်  ...
   အရမ်းချစ်တယ်...ပြွတ်စ်...ပြွတ်စ်....''

အပျော်လုံးစို့ပြီး နှောင်းကိုလည်း ပွေ့ဖက်ကာ မျက်နှာကို အနမ်းတွေ ခြွေနေတော့သည်။
စည်းခြားမှာ ရင်တွေထဲမှာ လှိုင်လုံးတွတဝုန်းဝုန်းရှိသလို မငြိမ်သက်ဘဲ ရင်တွေခုန် စိတ်တွေလှုပ်ရှားပြီး သွား၃၂ကွပ်သာ စိလို့မရတော့ပေ။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now