အခန်း၄၂

19.7K 481 8
                                    

(unicode)

  အချိန်သည် မနက်၇နာရီခွဲဖြစ်သည်။ ရာသီဥတုက သာယာပြီး နေရောင်လေးသမ်းနေသည်။

     ''နှောင်း...အဲ့ဒီအင်္ကျီလေးက မကျပ်ဘူးလား ချောင်ချောင်လေး ဝတ်ပါလား...''

မြို့က ဆေးရုံကို ဗိုက်သွားအပ်ဖို့ ပြင်နေကြတာဖြစ်သည်။ စည်းခြားက ပြင်ဆင်ပြီးပေမဲ့ အိပ်ယာထနောက်ကျတဲ့ နှောင်းကို စောင့်နေရသည်။

  ''အစ်ကိုကလည်း..မကျပ်ပါဘူး ဒါဘဲဝတ်မယ်..မလဲတော့ဘူး...''

ကော်လံပါတဲ့တီရှပ်လက်ပြက်အနီရဲရဲလေးက ဆွဲသားဖြစ်လို့ မကျပ်ပါ၊ ထဘီစကပ်အနက်လေးနဲ့တွဲဝတ်ထားပြီး နှောင်းရဲ့ပုံစံလေးသည် ရိုးရှင်းစွာလှသည်။

  ''အင်းပါ...အဲ့ဒါဆို မနက်မုန့်စားပြီး သွားကြမယ်နော်...အသည်း..''

  ''ဟုတ်..နှောင်းလည်းပြီးပြီ..သွားမယ်''

ဒေါ်ရတနာ အခန်းထဲက ထွက်လာတဲ့ နှောင်းတို့ကို ပြုံးကြည့်လိုက်ကာ မုန့်တွေ ပြင်ပေးနေသည်။

  ''သမီး...ကိတ်မုန့်လေးနဲ့ နွားနို့သောက်မလား...''

ဒေါ်ရတနာက လောလောဆယ်ကျိုထားတဲ့ နွားနို့အိုးထဲက တစ်ခွက် ယူလာကာ ပြောသည်။

   ''အဟင်း..ဟုတ်..ကြိုက်တော့ကြိုက်ပါတယ်  မနက်အစောဆိုတော့...သိပ်မသောက်ချင်ဘူး မေမေ''

''အပြန်မှ သောက်ပေါ့ သမီးရဲ့၊ အအေးခံထားလိုက်မယ်...''

စည်းခြား ကော်ဖီတစ်ကျိုက်မော့သောက်ကာ အကြံရသွားပြီး နှောင်းရဲ့ကော်ဖီပန်းကန်လေးကို တောင်းလိုက်သည်။

''ဘာလဲ...အစ်ကိုရဲ့...''

နှောင်းမသောက်ရသေးတဲ့ ပန်းကန်ကို တောင်းနေတဲ့ အစ်ကိုကြောင့် မေးလိုက်ရသည်။

   ''အစ်ကိုနွားနို့လေးနဲ့ စပ်ပြီးပြန်ဖျော်ပေးမယ်ခဏစောင့်နော်...မိန်းမ.....''

လက်ဖက်ရည်ခွက်အကြီးတစ်ခုယူကာ အစ်ကိုက နွားနို့နဲ့ ကော်ဖီကို စပ်ပြီး သေချာဖျော်ပေးနေသည်။

  ''ကဲ...သောက်ကြည့်လိုက်..မိန်းမ...''

နှောင်းခေါင်းညိမ့်ပြီး သောက်လိုက်သည်။ ခွက်က ကြီးတော့ မနည်းကုန်အောင်သောက်ရမည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now