အခန်း၁၉

27.6K 594 10
                                    

(unicode)

    စည်းခြား လက်က နာရီကို ကြည့်လိုက်တော့ မနက်(၆)နာရီခွဲသာ ရှိသေးသည်။ကားဒက်ရှ်ဘုတ်ပေါ်က စီးကရက်ဗူးကို လှမ်းယူပြီး တစ်လိပ်ထုတ်သောက်ကာ ရထားဆိုက်ရောက်မဲ့အချိန်ကို စောင့်နေလိုက်သည်။

        ''ring....ring...''

ဖုန်းမြည်သံကြောင့် ထုတ်ကြည့်လိုက်တော့ နှောင်းဆီက ဖြစ်သည်။

      ''ဟဲလို...နှောင်း.. ''

      ''အစ်ကို ရထားဆိုက်တော့မယ်  ရောက်ပြီလား...''

     ''အင်း...အစ်ကိုရောက်နေပါပြီ နှောင်းရဲ့ ''

     ''အင်းပါ...အဲ့ဒါဆို နှောင်းကိုစောင့်နေနော်''

    ''ဟုတ်ပါပြီကွာ....''

စည်းခြား စီးကရက်မီးကို သက်လိုက်ပြီး ရထားဝင်းထဲ ထွက်ခဲ့သည်။ကိုယ်ရဲ့အသည်းအသက်လေးကို တွေ့ချင်နေပြီ ဖြစ်သည်။

      ''အစ်ကို....ဒီမှာ...''

သူလိုက်ရှာနေတုန်း ပန်းရောင်အရိပ်လေး
လက်ပြတာ တွေ့လိုက်သည်။အဲ့ဒီတော့မှ
စည်းခြား ခပ်သွက်သွက်လျှောက်သွားလိုက်သည်။

      ''နှောင်း...အသည်းလေး....''
     
စည်းခြား အနားရောက်တယ်ဆို သူမလေးရဲ့ ခန္ဓာကိုယ်လုံးလုံးအိအိလေးကို ဖက်လိုက်သည်။ ၁၁ရက်တောင် ရှိပြီ သူမလေးနဲ့ခွဲနေရတာ။

     ''အစ်ကို... လွှတ်ပါ လူတွေနဲ့.. ''
    
နှောင်း အစ်ကို့ကို အသာတွန်းလိုက်ပြီး သတိပေးရသည်။ တချိို့သူတွေက သမင်လည်ပြန် ကြည့်သွားကြပြီး စပ်စုနေကြသည်။

      ''အဟွန်း...လွမ်းလွန်းလို့ အားပါသွားတာ၊
    ကြည့်ပါအုံး..ကိုယ့်အသည်းလေးက ပါးလေးတွေတောင် ဖောင်းလာသလိုဘဲ ''

အစ်ကိုက သူမရဲ့ ပန်းနုရောင်သန်းနေသော
ပါးလေးကို လက်မဖြင့် ဖွဖွပွတ်ရင်း သဘောကျစွာပြောသည်။

    ''အဟင်း...အစ်ကိုကလည်း ပုံမှန်ပါဘဲနော်''

စည်းခြား ပါးချိုင်းလေးခွက်ဝင်အောင် ပြုံးပြီးပြောနေတဲ့ သူမလေးကို ကြည့်ပြီး ချစ်စိတ်တွေ တဖွားဖွား ဖြစ်နေရသည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now