(unicode)
''အစ်ကို...ရေသွားချိုးလေ..''
''အင်းပါ...မိန်းမရဲ့...''
ညဘက်၇နာရီကျော်ရှိတာတောင် ရေမချိုးသေးဘဲ နှောင်းနို့တိုက်နေတာကို လာကြည့်နေလို့ ပြောရသည်။ ဖိတ်တဲ့လူစရင်းက များပြီး ဒံပေါက်ကပွဲရေနည်းလို့ ညနေကတစ်ခေါက် မြို့တက်ပြီး အစ်ကိုက သွားမှာရသည်။အဲ့ဒါကြောင့် အပြန်နောက်ကျပြီး အခုထိ ရေမချိုးရသေးတာဖြစ်သည်။
''မိန်းမရော...ထမင်းစားပြီးပြီလား...''
''ပြီးပြီ..အစ်ကိုဘာသာစားလိုက်နော်....''
အခုနောက်ပိုင်း ကလေးလေးတွေရှိလာတော့ နှောင်းသည် အချိန်အားရင်အားသလိုစားထားပြီးအစ်ကိုနဲ့တောင် သိပ်မကြည်နူးရပေ။
''ပြွတ်စ်...အဟွန်း..အသည်းယားလို့..''
နို့စို့နေတဲ့ သမီးရဲ့ ဗိုက်လေးကို စည်းခြားက ရှုးခနဲနမ်းလိုက်သည်။ သားလေးကတော့ ပုခတ်ထဲတွင် အိပ်မောကျနေသည်။
''သားကို နှိုးထားရင်ကောင်းမယ်နဲ့တူတယ်နော်အသည်း...ညကြရင်ဂျီကျအုံးမယ်...''
အကြံနဲ့ ပြောနေသော အစ်ကိုသည် နှောင်းကို
ကြည့်ပြီး မျက်လုံးတစ်ဖက်မှိတ်ပြသည်။''အံမယ်...မရပါဘူး..အစ်ကို့အကြောင်းမသိရင်ခက်မယ်...အဟွန်း...''
စည်းခြားရယ်လိုက်ပြီး ခုတင်ပေါ်မှာ နို့ထိုင်တိုက်နေတဲ့ နှောင်းရဲ့ နဖူးလေးကို နမ်းလိုက်သည်။
''နွားနို့လေးသောက်ထားနော်...မိန်းမ ''
နှောင်းကို စနောက်ပြီး ထွက်သွားတဲ့ အစ်ကို့ကို ကြည့်ရင်း နှောင်းမှာ ညအတွက်ရင်တုန်နေရသည်။ နာရီလက်တံကို လှမ်းကြည့်ရင်း သက်ပြင်းချရင်းနဲ့ အချိန်တွေက တရွေ့ရွေနဲ့ ကုန်ဆုံးရင်း....။
ည၉နာရီခွဲ။
''နှောင်း...ကလေးတွေ အိပ်ပြီလား..''
ခုတင်ပေါ်မှာ လှဲနေတဲ့ နှောင်းရဲ့အနားကို တိုးတိုးလေး လာမေးတဲ့ အစ်ကိုသည် သားနဲ့သမီးလေးရဲ့ မျက်နှာလေးတွေကို ချောင်းကြည့်ပြီး မေးလိုက်သည်။
YOU ARE READING
မိုးယံမှသည် ချစ်သူဆီသို့(completed)
Romanceတစ်ရွာလုံးရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အစ်ကိုနဲ့ မြို့က ဆရာမလေး..... တစ်အိမ်ထဲနေရာမှ ချစ်ကြိုက်မိသွားတဲ့ သူတို့နှစ်ဦး။