အခန်း၃၇🌚

52.6K 619 10
                                    

(unicode)

      ''ဟင်!!! ၃သောင်းခွဲဟုတ်လား..အစ်ကို..''

နှောင်း လက်ထဲမှာ ချည်သားဝမ်းဆက်စလေးကို ကိုင်ရင်း အစ်ကို့ကိုမေးလိုက်သည်။ အသားလည်း သိပ်မကောင်းဘဲ စျေးသည်က ညှက်ချလိုက်တာထင်သည်။

  ''အင်းလေ...မိန်းမက မကြိုက်ဘူးလား..''

စည်းခြား နှောင်းလက်ထဲက မရမ်းရောင်ချည်ဝမ်းဆက်လေးကို မေးဆက်ပြရင်း ပြောလိုက်သည်။

''တန်မှ မတန်တာ...အစ်ကိုကလည်း..အသားကလည်း ပါးလိုက်တာမှ လှစ်နေတာ...''

စည်းခြား အခုမှ သေချာကိုင်ကြည့်လိုက်သည်။သူက အရောင်ကိုသာ လိုက်ကြည့်နေပြီး အသားကို မစမ်းသပ်ခဲ့ပေ။ အဲ့ဒီဆိုင်က အန်တီကလည်း တူလေး ယူပါဆိုချည်းဘဲ...။

''အဟွန်း...ဟုတ်သားဘဲ...အိမ်နေရင်း ချုပ်ဝတ်လိုက်ပေါ့ နှောင်းရဲ့..အပြင်သွားရင်တော့မဝတ်ရဘူး''

''အင်း..''

ကလေးတွေရဲ့ စာအုပ်တွေ အမှတ်ခြစ်ရင်း သူမ ခေါင်းငြိမ့်ပြလိုက်သည်။ ညနေစောင်းမို့ ရာသီဥတုက သာယာလှသည်။

''အစ်ကို...ညကြရင် ဘောပွဲသွားမကြည့်ရဘူးနော်''

စည်းခြားသည် ဖုန်းသုံးနေရာမှ ပြုံးကြည့်လိုက်သည်။ တော်သလင်းလ ရောက်ပြီမို့ ညဘက်တွေ ခွေးအူရင် အရမ်းကြောက်ပြီး သူ့ကို အပျောက်မခံဘဲ လက်ဖက်ရည်ဆိုင်တောင်မလွှတ်တဲ့ နှောင်းဟာ ကလေးငယ်လေအတိုင်း ဖြစ်နေသည်။

   ''အင်းပါ...မိန်းမရဲ့. မသွားပါဘူး....''

နှောင်းမှာ အချိန်မတော်ထထအူနေတဲ့ ခွေးတွေကြောင့် စိတ်ဆင်းရဲရသည်။ တောရွာမို့ ညဘက်တွေဆို တိတ်ဆိတ်ပြီး ခွေးအူသံကြီးက ဟိန်းလျက် ကျောချမ်းချင်စရာဖြစ်သည်။

  ''မြန်မြန်နွေရောက်ချင်နေပြီ သိလား..၊ ခွေးကတစ်မျိုး ဖားကတစ်မျိုးနဲ့...''

ဘောပင်အိတ်လေးထဲကို မှင်နီဘောပင်တွေ
ထည့်ရင်း ပြောလိုက်တဲ့ သူမလေးသည် တကယ်စိတ်ညစ်နေသလိုလေး ညီးညူနေတာဖြစ်သည်။

   ''နှောင်းကလည်း.. ခွေးတွေက သူတို့ရဲ့ရာသီမလို့ပါကွ...ကြောက်စရာမလိုဘူး...''

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now