အခန်း၃၉🖤

36.4K 560 12
                                    

(unicode)

   ဒေါ်ရတနာနဲ့ ဦးအောင်မှုးက အရှေ့ဘက်တွင် ထိုင်ပြီး စည်းခြားတို့လင်မယားက ကန့်တော့နေသည်။

  ''သားနဲ့ သမီး ကျန်းမာပါစေ၊ ချမ်းသာပါစေ...အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြပါစေ....''

''ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ...ဖေဖေ''

ဒေါ်ရတနာက သူ့အမျိူးသား ဆုပေးတာနားထောင်ပြီးမှ သူမက ပေးသည်။

  ''ကျန်းမာပါစေ၊ ချမ်းသာပါစေ ငါ့သားလေးနဲ့ သမီးလေး...သားသမီးရတနာလည်း များများထွန်းကားပါစေကွယ်...''

နှောင်းကတော့ ရှက်ပြုံးလေးနဲ့ ဖြစ်ပြီး အစ်ကိုကတော့ သဘောကျတဲ့ မျက်ဝန်းများနဲ့ ကြည့်ကာ နှောင်းရဲ့ လက်ကလေးကို မသိမသာ ဖျစ်ညှစ်သည်။

  ''ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မေမေ...''

နှောင်းပြောပြီးတာနဲ့ အစ်ကိုက ထပ်ပြောသည်။ မေမေနဲ့ အဖေကတော့ ကျေနပ်ပြီး သဘောကျတဲ့ မျက်ဝန်းများနဲ့....။

''နှောင်း..ကိုယ်အရှေ့ပိုင်း ခဏသွားအုံးမယ်..''

ထမင်းစားခန်းမှာ အိပုံနဲ့အတူ ချက်ပြုတ်နေတဲ့ နှောင်းကို အစ်ကိုက လာပြောသည်။

  ''အင်း...သွားလေ ''

စည်းခြား ခေါင်းညိမ့်ပြလိုက်ပြီး အောင်ဦးတို့ဆီထွက်ခဲ့သည်။ဒီကောင်တွေနဲ့ မတွေ့တာ ကြာပြီဖြစ်သည်။

   ''ဟိုမှာ...လာပါပြီ....ပေါ်တော်မူကြီး..''

စည်းခြား ဆိုင်ကယ်ပေါ်က မဆင်းရသေးဘဲ
ဆိုင်ရှေ့မှာ စက်သပ်တုန်းရှိသေး အောင်ဦးနဲ့ သူရက သူတို့အချင်းချင်းပြောနေကြသည်။

   ''မင်းတို့ရုပ်တွေကလည်း ဘာဖြစ်နေကြတာလဲ မသာမယာတွေနဲ့...''

စည်းခြားက စားပွဲပေါ်ကို ဆိုင်ကယ်သော့ပစ်တင်က မှိုင်နေတဲ့ သူရကို ပြောသည်။ ဘေးက အောင်ဦးကတော့ အရက်နာကျနေသလို။

   ''ဒီကောင်ပေါ့... အစွမ်းအစလည်း မရှိဘဲနဲ့များ ၊ညက ဟိုကောင်မလေးကို ရည်းစားစကားသွားပြောတယ်တဲ့...ကံကောင်းလို့ ပါးရိုက်မခံရတာ..''

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now