အခန်း၆

27.8K 725 4
                                    

(unicode)

   နှောင်း ကျောင်းက ပြန်ရောက်တော့ တစ်အိမ်လုံး တိတ်ဆိတ်နေသည်။ ယူနီဖောင်းဝတ်စုံလဲပြီး ဂါဝန်အညိုလေးဝတ်လိုက်ကာ ဆံပင်တွေကို ဖြန့်ချပြီး ဘီးကုပ်လေးဖြင့် လှန်တင်ထားလိုက်သည်။

         ''အိပုံ့ရေ.... အန်တီတို့ ပြန်မရောက်သေးဘူးလား''

         ''ဟုတ်ကဲ့ ညနေမှ ပြန်လာမှာ ထင်တယ် မမ၊ သမီး ထမင်းထည့်ပေးရတော့မလား''

နှောင်း ဗိုက်လည်းဆာနေပြီ ဖြစ်လို့ ထမင်းစားလိုက်သည်။ ထမင်းစားနေရင်း အိပုံ့ပြောသမျှ နားထောင်ကာ အပြုံးလေးဖြင့် ထောက်ခံနေမိသည်။

         ''အဟင်း....အဲ့ဒါဆို မမနေရဲတယ်မလား၊
အိပုံ့  အိမ်သွားမလို့ ''

       ''နေရဲပါတယ်.... အိပုံ့ရဲ့ ၊ ဟို အစ်ကိုလည်း ရှိတယ်မလား''

          ''ရှိတယ် မမ ...အပေါ်ထပ်မှာ ထင်တယ် ၊ အဲ့ဒါဆို သမီး ခဏသွားမယ်နော်''

            ''အင်းအင်း.....အကြာကြီးမနေနဲ့နော်
            သိလား အိပုံ့''

            ''အင်းပါ..... မမရဲ့ ''
           
နှောင်း စားသောက်ပြီးတော့ အသီးပန်ကန်လေး ကိုင်ကာ အိမ်ရှေ့က ဆက်တီခုံ တစ်ခုံတွင် ထိုင်ပြီး အသီးစားရင်း ဖုန်းသုံးနေလိုက်သည်။အိပုံ့ကတော့ နှုတ်ဆက်ပြီး သူ့အိမ်ကို ပြန်သွားသည်။

          ''ဟဲလို မေမေ ဘာလုပ်နေတာလဲ''

          ''..........................''

          ''အဆင်ပြေတယ် အကုန်လုံး၊ စိတ်မပူနဲ့နော် ''

           ''........................''

          ''ဟင့်... လွမ်းတာပေါ့ မေမေရဲ့ ''

စည်းခြား အပေါ်ထပ်ကနေ သူမလေး ဖုန်းပြောနေတာကို ကြားနေရသည်။ အိမ်နဲ့ ဝေးနေတော့လည်း သတိရမှာပေါ့လေ။ သူ ရန်ကုန်မှာ ကျောင်းတက်နေတုန်းက အိမ်ကို လွမ်းတိုင်း ရုပ်ရှင်သွားကြည့်တက်တာကိုအမှတ်ရသွားမိသည်။

    နှောင်း အိမ်နဲ့ ဖုန်းပြောပြီးတယ်ဆို ရေချိုးခန်းထဲကို အဝတ်လျှော်ဖို့ ဝင်လာလိုက်သည်။ အန်တီကတော့ အိပုံ့ကို လျှောခိုင်းလို့ ပြောပေမဲ့ အတွင်းဝတ်တွေကိုတော့ သူမဘာသာ လျှော်တာ ဖြစ်သည်။ အကုန်ပြီးစီးတော့ အိပုံ့လည်း စက်ဘီးလေးနဲ့ ပြန်လာပြီး မီးဖိုထဲတွင် လုပ်စရာရှိတာ လုပ်နေသည်။အိပုံ့သည် အန်ကယ်ဘက်က ဆွေမျိုးနီးစပ် တော်တယ်ဟု အန်တီက ပြောပြထားသည်။အဲ့ဒါကြောင့်လည်း အန်တီသည် စိတ်ချလက်ချ အိမ်မှာ ထားတာဖြစ်ကြောင်း နှောင်း တွေးမိသည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now