အပိုင်း (2)

15.5K 1.6K 64
                                    

(2) ပြန်လည်မွေးဖွားခြင်း

ကျန်းဂျင်က မျက်လုံး ကို ရုတ်တရက် ကြီး ဖွင့်လိုက်ပြီးတော့ အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်တယ်။ သူ့ရဲ့လူတစ်ကိုယ်လုံး အလေးချိန်ပေါ့ပါးသွားပြီးတော့ ပျောက်ဆုံးသွားတယ် ဆိုတဲ့ ခံစားချက်ကြီးက အခုချိန်ထိ သူ့ရဲ့ နံရိုး တစ်ချောင်းချင်းစီ ကနေပြီးတော့ တောင်ခံစား နေရလေတယ်။

ချီချီရဲ့ ရူးသွပ်နေပြီးတော့ မဲ့ရွဲ့နေတဲ့ မျက်နှာကြီးကို သူမနေနိုင်ပဲ ပြန်တွေးမိသွားတယ်။

နေပါအုံး? ?

သူက တောင်စောင်းကနေ ပြုတ်ကျခဲ့တာ မဟုတ်ဘူးလား? ?

သူ မသေသေးဘူးလား??

အခုက သူဆေးရုံ ပေါ်မှာလား??

'' ဟိုစ့်!''

ကျန်းဂျင် က သူ့ခေါင်းလေးကို တစ်ဖက်လှည့် လိုက်တဲ့ အခါမှာတော့ အိပ်ယာရဲ့ဘေးနားမှာ ထိုင်နေတဲ့ အမျိုးသားကို မြင်ပြီးတော့ လန့်သွားခဲ့လေတယ်။ အဲ့ လူက အရပ်လည်းရှည်တယ် သန်လည်း သန်မာတယ် ပြီးတော့ မုတ်ဆိတ်မွှေးတွေလည်း အထူကြီးပဲ ။ ပြီးတော့ အပြာရောင် မျက်လုံးတွေနဲ့လည်း သူ့ကို တောက်လောင် ပြင်းပြစွာနဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရလေတယ်။

ထိုလူက အဲ့လိုအကြည့်မျိုး ကြည့်နေတာကြောင့် သူ့ကိုများ အစိမ်းလိုက် ဝါးစားချင်စိတ်တွေ များ ဖြစ်နေသလားလို့ ကျန်းဂျင် သံသယ ဖြစ်မိတယ်။

အတိအကျ ကြီးကို ဘာတွေ ဖြစ်သွားရတာလဲ??

ကျန်းဂျင်ခမျာ သူ့ရဲ့ အကြောက်တရားကို ဖိနှိပ်လိုက်ပြီးတော့ ဘေးပတ်ဝန်းကျင် နေရာကို လှည့်ပတ်ပြီး ကြည့်လိုက်တယ်။ နေရာကတော့ လုံးဝကို ဆေးရုံနဲ့ တူမနေပါဘူးနော်။

ယိုယွင်းနေတဲ့ အိမ်​ခေါင်မိုးရယ်...

အပေါက်ရာတွေ ပြည့်နေတဲ့ နံရံရယ်....

ရှုပ်ပွနေတဲ့ ပရိဘောဂ တွေရယ်....

ဘယ်အရာကမှ သူနဲ့ ရင်းနှီးကျွမ်းဝင် နေတဲ့ နေရာဖြစ်တယ်ဆိုတဲ့ အရိပ်အယောင်လေးတောင် ရှိမနေပါဘူးနော်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now