အပိုင်း (39. 2)

5.2K 628 6
                                    

(39. 2)

လော်ရှောင်းက သူပြောတဲ့ ဟာကို ဖြစ်အောင် လုပ်တက်တဲ့ စရိုက်ရှိသူ ပဲ ဖြစ်လေတယ်။ ဒါကြောင့် သူပြန်သွားပြီးတာနဲ့ နောက်တစ်နေ့မှာ ချက်ချင်း ပြင်ဆင်ခဲ့လေတယ်။

ကျန်းဂျင်က နောက်ပိုင်း မျိုးဆက်တွေမှာ ပေါ်လာတဲ့ နေ့စဥ်ထုတ် သတင်းစာနဲ့ အပတ်စဥ်ထုတ် သတင်းစာ အကြောင်းကို တွေးမိလေတယ်။

ဒီနေရာရဲ့ အခြေအနေ အကြောင်းကို သေချာတွေးတော စဥ်းစား ပြီးတဲ့နောက် အပတ်စဥ် သတင်းစာ က ပိုပြီးတော့ သင့်တော်တယ် ဆိုတာ ကို တွေ့ရှိသွားလေတယ်။ ဒါကြောင့် မလို့ သူ့ဘာတွေးမိလဲ ဆိုတာကို လော်ရှောင်းအား ပြောပြခဲ့လေတယ်။

လော်ရှောင်း က အစတုံး ကတော့ သဘောမတူ ခဲ့ပါပေ။ ဒါပေမယ့် သူလည်း သေချာ ရှင်းပြပြီးတဲ့နောက် လော်ရှောင်း က ခေါင်းငြိမ့်လိုက်တော့တယ်။ ထို ထွက်ပေါ်လာတဲ့ သတင်းစာ ပုံစံအသစ်ဟာ ချန်အန်းမြို့တင် သာမက ရှနိုင်ငံတော် တစ်ဝှမ်းလုံးမှာလဲ ပထမဆုံးပဲ ဖြစ်လေတယ်။ အသစ်ကို လက်ခံဖို့နဲ့ အကျွမ်းတဝင် ဖြစ်လာဖို့ လူတွေ အတွက် အချိန်လိုအပ်လေတယ်။

တကယ်လို့ နေ့စဥ် သတင်းစာတွေ သာ ထုတ်ဝေမယ် ဆိုရင် နေ့တိုင်း ရောင်းရဖို့ ခဲယဥ်း သွားပြီ ပဲ ဖြစ်လေတယ်။ အပတ်စဥ် သတင်းစာ ကတော့ ကြားထဲမှာ အချိန်ကာလ ခြားသွားသေးတယ်လေ။ နောက်ပိုင်းမှာလည်း ကာစတန်မာ တွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီးတော့ ပြောင်းလဲလို့ လဲ ပိုလွယ်တာပေါ့။

ထို သတင်းစာရဲ့ အဓိက အာရုံ စိုက်မှု ကတော့ ဖျော်ဖြေရေးပါပဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက် ကတော့ အခုတစ်လော အရမ်း လူပြောများနေတဲ့ အကြောင်းအရာ တွေကို စုစည်းပြီးတော့ ခေါင်းကြီးပိုင်း အဖြစ်ဖော်ပြ ကြမှာပဲ ဖြစ်တယ်။ ပြီးတော့ တစ်ချို့ ရယ်မောစရာ ပုံပြင် အတိုအထွာ လေးတွေ ကိုရောပေါ့။ နောက်တစ်ဖက်မှာတော့ ဝတ္ထု ဇာတ်လမ်း ရှည်ကြီးတွေနဲ့ ပုံပြင် အတိုလေး တွေကိုလည်း စုစည်း တင်ဆက် သွားမှာပဲ ဖြစ်လေတယ်။

ကျန်းဂျင်က ကသိကအောက် ဖြစ်တာကြောင့် လော်ရှောင်း တစ်ယောက်ထဲ အပေါ်ကိုပဲ အရာရာ ပုံမချထား ခဲ့ပေ။ သူက ယွမ်ဟောင်ကို လုပ်စရာ တာဝန်တွေ ပေးခဲ့တာကြောင့် လော်ရှောင်းအတွက် တာဝန်တွေ အများကြီး သက်သာ သွားစေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now