အပိုင်း( 19)

8.4K 1K 29
                                    

(19) ဝက်သားခြောက်လုပ်ခြင်း

နောက်တစ်နေ့မှာတော့ မေမေကျန်းကို ယွမ်ဟောင် သွားခေါ်ခဲ့တယ်လေ။

'' ငါ က အစိမ်းရောင် ငရုပ်သီးစေ့တွေ ၊ ခရမ်းသီးပင်တွေ ၊ ပဲနဲ့ သခွားစေ့တွေ ပါယူလာတယ်။ ပြီးတော့ နိုင်ငံရပ်ခြားကနေ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တင်ပို့ထားတဲ့ ခရမ်းချဥ် သီးတွေပါ ယူလာခဲ့တယ်။ ဒါပေမယ့် အဲ့တာတွေက စားလို့မရဘူးကွ။ ဒါပေမယ့် သူတို့ကြီးထွားလာတဲ့ အခါကျရင်တော့ အဲ့က အသီးနီနီ လေးတွေက သိပ်လှတာပဲ။ မင်းက အဲ့တာလေးတွေကို ကြိုက်လောက်မယ် လို့ ငါထင်မိလို့ မင်းအတွက် အဲ့တာနည်းနည်း ယူလာခဲ့တာ။ ဒါပေမယ့် မမေ့စေနဲ့နော် ။ အဲ့တာက အလှကြည့်ဖို့ပဲ။ အဲ့တာကို မှားပြီး မစားမိစေနဲ့!''

မေမေကျန်းက အဝတ်ထုပ်အသေးလေး တွေကိုဖွင့်ကာ ကျန်းဂျင်ကို ပြနေခဲ့တယ်။ ကျန်းဂျင်က ထိုနေရာမှာ ခရမ်းချဥ် သီးတွေ ရှိနေမယ်လို့ မထင်ခဲ့ပေ။ တစ်ခြား ကမ္ဘာရဲ့ ရှေးခေတ်မှာ ဆိုရင် ခရမ်းချဥ်သီးတွေကို တရုတ်ဆီ စတင်ဝင်ရောက် တာက မင်မင်းဆက် ရောက်တဲ့ အချိန်မှာပဲ ဖြစ်လေတယ်။

သူတို့က အဲ့တာကို အလှဆင်တဲ့ အပင်အဖြစ် သုံးခဲ့ကြတယ်။ ဘယ်သူကမှ အဲ့တာက စားလို့ရတယ်ဆိုတာ မသိခဲ့ကြဘူး။ ကြည့်ရတာတော့ အခုအခြေအနေနဲ့ အတော်လေးကို ဆင်တူနေသလား လို့ပါ။

ဒါပေါ့ ကျန်းဂျင်က ခရမ်းချဥ် သီးရဲ့ တန်ဖိုးကို ကောင်းကောင်း သိပေမယ့် မေမေကျန်းကတော့ သူပြောတာတွေကို မယုံကြည်ခဲ့ပါပေ။ အဆုံးမှာတော့ ဒါကို စားလို့ရတယ် လို့ ဘယ်သူကမှ ပြောတာ မကြားဘူး ဘူးလေ။

ကျန်းဂျင် လို တစ်စုံတစ်ယောက်က အဲ့တာတွေက စားလို့ရမှန်း သိနေရတာလဲ??

အဆုံးမှာတော့ ကျန်းဂျင်က အစေ့တွေက်ို ပျော်ပျော်ကြီး လက်ခံလိုက်ပြီးတော့ မေမေကျန်းကို ခရမ်းချဥ်သီး အကြောင်း ဆက်မပြောတော့ ပါပေ။

မေမေကျန်းက အသီးအရွက် စိုက်မယ့် ကွင်းကို ကြည့်ကာ ပြောလိုက်တယ်။

''  ဒါက အသီးအနှံ့စိုက်ပျိုးဖို့ အကောင်းဆုံး ခြံပဲ။ ဒါကြောင့် အသီးအနှံတွေက ကောင်းကောင်း ကြီးထွားလိမ့်မယ်။ ဝက်တို့ ၊ နွားတို့၊ လူတို့ရဲ့ မစင်တွေကလည်း အရမ်းကို အသုံးဝင်တယ်''

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now