အပိုင်း (20)

8.5K 1K 10
                                    

(20) လော်ရှောင်း

နောက်တစ်နေ့မှာတော့ ၂ ယောက်သား အစောကြီးထကာ ပစ္စည်းတွေ အကုန်လုံးကို ထုတ်ပိုးကာ နွားလှည်းပေါ်ကို တင်လိုက်ပြီးတော့ အရင်ဆုံး မေမေကျန်းတို့ အိမ်ကို သွားလိုက်တယ်။

ထိုခေတ်က မိသားစုတွေက အစောကြီး ထကြလေ့ရှိတယ်။ ဒါကြောင့် သူတို့လည်း မေမေကျန်းတို့ အိမ်ဆီ သွားတဲ့ အခါ လူအများက အလုပ်ကို သွားဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။ လူတိုင်းက ယွမ်ဟောင် နဲ့ ကျန်းဂျင် တို့ကို တွေ့လိုက်ရ တော့ မအံသြပဲ မနေနိုင်တော့ကာ သူတို့ကို အကြိမ်အနည်းငယ်လောက် ပြန်လှည့်ကြည့်ကြလေတယ်။

ကျန်းဂျင်ကော ယွမ်ဟောင်မှာပါ သူတို့ကို ဂရုမစိုက်အားပေ။ ဒါကြောင့် လှည်းကို မောင်းကာ မေမေကျန်းတို့ ဆီကိုသာ တန်းတန်း သွားလိုက်တော့တယ်။

ခြံဝင်းတံခါးက ပွင့်လျက်သား ရှိနေပြီးတော့ မေမေကျန်းက ခြံဝင်းထဲကို သန့်ရှင်းရေး လုပ်နေခဲ့တယ်။

'' အိုကွယ် မင်းတို့ ၂ယောက်လုံး ဘာလို့ ဒီအချိန်ကြီး ဆင်းလာကြတာလဲ?''

မေမေကျန်းက သူ့လက်ထဲက တံမြက်စည်းကို မြန်မြန်ပစ်ချကာ ခြံဝင်းထဲ ကနေအပြင်ကို ပြေးထွက်လာ ခဲ့တယ်။

'' အထဲကို ဝင်ပြီးတော့ ခဏလောက် ထိုင်ကြအုံး! ''

'' မထိုင်တော့ဘူး မေမေကျန်း ''

ကျန်းဂျင်က အသင့်ပြင်ပြီး ထုတ်ထားတဲ့ ဝက်သားမွှခြောက် ချောင်းကို ထုတ်ကာ ပေးလိုက်တယ်။

'' ကျွန်တော်တို့က ယွမ်ဟောင် ဖမ်းမိတဲ့ သားကောင်တွေကို မြို့ဆီ သွားပြီး ရောင်းမလို့လေ။ ဒါကြောင့် ကျွန်တော်တို့က အထဲကို ဝင်ပြီး မထိုင်တော့တာပါ။ ဒီဝက်သားမွှခြောက်က ကျွန်တော်တို့ တူတူလုပ်ထားတာလေ။ ပြီးတော့ ခများမြည်းဖို့ ကျွန်တော် ယူလာပေးခဲ့တာ''

မေမေကျန်းက မတက်နိုင်ပဲ ပြောလိုက်တယ်။

'' ဘာကြောင့်များ ဒါကို အထူးတလည်လုပ်ပြီး လာပေးနေရသေး သလဲကွယ်။ ပြီးတော့ ဒါက မင်းရောင်းမယ့် ဟာမဟုတ်ဘူးလား''

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now