အပိုင်း (15)

10K 1.2K 24
                                    

(15) တကယ် အတူတကွ နေထိုင်ခြင်း

ယွမ်ဟောင်ရဲ့ ဖက်ခြင်းခံလိုက်ရတဲ့ ကျန်းဂျင်က အတော်လေးကို ရှက်သွေးဖြန်းသွားလေတယ်။ သူ့မှာ တစ်ချို့မျှော်လင့် ချက်လေးတွေ ရှိတယ်ဆို တာကို သူ့ကို သေအောင် ရိုက်ရင်တောင်မှ ကျန်းဂျင် ဝန်မခံ နိုင် ပါပေ။ ယွမ်ဟောင်လည်း သူ့ကို ပြန်လွတ်ပေး လိုက်ရော ကျန်းဂျင်က ဂူထဲကို ပြန်သွားလိုက်တယ်။

ကျန်းဂျင် တစ်ယောက် ရေပူစမ်းလေးကို တွေ့ပြီးကတည်းက ကျန်းဂျင်မှာ အလေ့အကျင့် တစ်ခု ရှိလာခဲ့တယ်။ အဲ့တာက ညစာစား ပြီးတိုင်း ရေပူစမ်းထဲမှာ ရေစိမ်နေတာ ပဲ ဖြစ်လေတယ်။

ဆောင်းရာသီမှာ ဂူထဲမှာ မအေးလေဘူး။ ပြီးတော့ ရေပူစမ်းလေး ပါရှိတော့ အအေးမိတာတွေ မဖြစ်တော့ဘူးလေ။ ဒါက အရမ်း သက်တောင့်သက်သာ ရှိနေတာ မဟုတ်ဘူးလား။

နှင်းတွေက တစ်တောင်လုံးကို ထူထဲစွာ ကျလာထားတဲ့ အတွက်ကြောင့် ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့ရဲ့ လှုပ်ရှားမှုတွေက ဂူထဲမှာပဲ ကန့်သတ်ခြင်း ခံထားရလေတယ်။

တစ်နေ့မှာ ထမင်း သုံးနပ်ပြင် ရတဲ့ အပြင် ကျန်းဂျင်က ပုလွေလေးတီး တာမျိုးတွေပါ လုပ်ခဲ့လေတယ်။ ကျန်းဂျင်ရဲ့ အရင်တစ်ခေါက်က တေးသွားကို ကြားရပြီးကတည်းက ယွမ်ဟောင် ခမျာ ရပ်တန့်ကာ နားမထောင်ပဲ မနေနိုင်ခဲ့ပေ။

ကျန်းဂျင်က ပုလွေတီးတဲ့ အချိန်တွေဆို ယွမ်ဟောင်က ဘာမှ မပြောပဲ ဘေးနားလေးမှာ ထိုင်နေကာ တီးသမျှကို နားထောင် ခဲ့လေတယ်။ ကျန်းဂျင်က ပုလွေ မှုတ်တဲ့ အချိန်တွေ ဆို ရင် ဝမ်းနည်းစရာ တေးသွားတွေကို ရှောင်တက်လေတယ်။ ဒါကြောင့် သူ့ရဲ့တေးသွား တွေက လူတွေရဲ့ စိတ်နဲ့ နှလုံးသားကို နွေးထွေး ငြိမ်းအေး စေတယ်လေ။

ယွမ်ဟောင်ကတော့ နားထောင်ပြီးတဲ့ နောက်မှာတော့ သူက အချိန်တိုင်း ပျော်ရွှင်မှုကို ခံစားရလေတယ်။

နှစ်ယောက်ကြားက ဆက်ဆံရေး က တဖြေးဖြေး နီးကပ် လာပြီတော့ သူတို့ကြားမှာ နွေးထွေးမှု တွေ တိုးလာပြီးတော့ ပိုပိုပြီး သဟဇာတ ဖြစ်လာခဲ့တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now